DVB Logo
Home
မြန်မာသတင်း
အသွားအလာကန့်သတ်စောင့်ကြပ်ထားသူများကို ဆက်လက် ကျွေးမွေးနိုင်ရန် အခက်အခဲရှိနေ
DVB
·
March 30, 2020
အသွားအလာကန့်သတ်စောင့်ကြပ်ထားသူများကို ဆက်လက် ကျွေးမွေးနိုင်ရန် အခက်အခဲရှိနေ
Donate to DVB

သတ်မှတ်နေရာ အဆောက်အဦတွေမှာ အသွားအလာကန့်သတ် Facility Quarantine နဲ့နေထိုင်နေကြတဲ့ ပြည်ပကဝင်လာသူတွေကို အစားအသောက် ကျွေးမွေးနိုင်ဖို့အတွက် အလွန်အခက်အခဲရှိနေသေးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကိုလေကြောင်းနဲ့ ဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေ အပါအဝင်မြန်မာနိုင်ငံသားတွေကို ဟိုတယ်တွေ၊ သာသနိကအဆောက်အအုံတွေနဲ့ သတ်မှတ်ထားတဲ့ အဆောက်အဦးတွေမှာ ၁၄ ရက်တာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုတဲ့ Quarantine လုပ်ငန်းကိုဆောင်ရွက်နေတာဖြစ်ပါတယ်။

ဟိုတယ်တွေမှာ Hotel Quarantine နေထိုင်ကြတဲ့လူတွေအတွက် အစားသောက် အဆင်ပြေပေမယ့် သာသနိက အဆောက်အအုံတွေမှာ Facility Quarantine နဲ့ နေထိုင်သူတွေအတွက် အစားအသောက် ကျွေးမွေးမှုအပိုင်းမှာ အလွန်အခက်အခဲရှိနေတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

Hotel Quarantine နဲ့ နေထိုင်သူတွေကတော့ သက်ဆိုင်ရာဟိုတယ်တွေမှာ သတ်မှတ်ထားတဲ့ အခကြေးငွေကို ပေးကာနေထိုင်ရတာဖြစ်ပြီး ဟိုတယ်ကနေ အစားအသောက်စီမံ ပေးထားတာဖြစ်ပါတယ်။ 

Facility Quarantine ဝင်နေကြတဲ့သူတွေ အစားအသောက်အခက်အခဲ ဖြစ်နေတဲ့အပေါ် လတ်တလောမှာတော့ အလှူရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း သတ်မှတ်ထားတဲ့ဟိုတယ် ၇ ခုမှာ Hotel Quarantine နေထိုင်နေတဲ့သူ ၅၈၃ ဦးရှိပြီး နောက်ထပ်ဝင်လာမယ့်လူ ၂၇၀ နီးပါး ထပ်ထားနိုင်တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။

သာသနိကအဆောက်အဦတွေနဲ့ အလှူရှင်တွေ လှူဒါန်းတဲ့သတ်မှတ်ထားတဲ့ Quarantine နေရာတွေမှာတော့ ၁၃၇၂ ဦးက Facility Quarantine နဲ့ နေထိုင်နေကြပါတယ်။ လတ်တလောမှာတော့ နောက်ထက်ပြန်လာကြမယ့်လူဦးရေ ၆၁၀ ဦးအတွက် နေရာအဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာလည်း အသွားအလာကန့်သတ်စောင့်ကြပ် Quaratine လုပ်ထားသူတွေကို လက်ရှိမှာ စားသောက်ရေးကူညီပေးနေပေမယ့် တိုင်းအစိုးရအနေနဲ့ အစားသောက်ကိစ္စ အမြဲတမ်း တာဝန်မယူနိုင်ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

မတ်လ ၂၈ ရက်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါဝင်တက်ရောက်တဲ့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောဆိုခဲ့တာပါ။ 

“တိုင်းအဆင့်ကလည်း ရှာနေတယ်။ သူ့မြို့နယ်အလိုက် ရွာအလိုက်လည်းရှာနေတယ်။ ကျွေးဖို့ မွေးဖို့ကတော့ ပြောမှဖြစ်မယ် ကိုယ်ဒေသမှာ ကိုယ်နီးစပ်ရာမှာ ကျောင်းတစ်ကျောင်းမှာ Quarantine လုပ်ထားရင် သူ့အိမ်ကလာပေးနိုင်တယ်”

ဧရာဝတီတိုင်းဒေသကြီးမှာ facility Quarantine Centre ၁၅၀ ဖွင့်လှစ်ထားပြီး မတ်လ ၂၈ ရက်အထိ နိုင်ငံခြားပြန် ၆၆၃ ဦးရှိကြောင်း သိရှိရပါတယ်။ အခုအချိန်အထိ Quaeantine ရှိသူတွေကို အလှူရှင်တွေနဲ့ တိုင်းအစိုးရက စားရေးသောက်ရေးကို စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့  နိုင်ငံရပ်ခြားက ပြန်လာသူတွေအနေနဲ့ Facility Quarantine နေထိုင်ရာမှာ စားရေးသောက်ရေးကို ရပ်ကွက်ကျေးရွာတွေ တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်ပြီး အခက်အခဲရှိရင် တစ်ဦးကို ကျပ် ၃၀၀၀ နှုန်း ထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013