DVB Logo
Home
မြန်မာသတင်း
အသွားအလာကန့်သတ် ရောဂါစောင့်ကြပ် ကြည့်ရှုမှု အရှိန်အဟုန်ဖြင့်လုပ်ရန် တိုက်တွန်း
DVB
·
March 30, 2020
အသွားအလာကန့်သတ် ရောဂါစောင့်ကြပ် ကြည့်ရှုမှု အရှိန်အဟုန်ဖြင့်လုပ်ရန် တိုက်တွန်း
Donate to DVB

ပြည်ပကနေ ပြန်ဝင်လာသူတွေမှာ COVID-19 ရောဂါ ကူးစက်ခံရသူတွေ ပါဝင်လာနိုင်ချေများပြီး Big outbreak အသွင်ဖြစ်ဖို့ အလားအလာ အင်မတန်များနေတာကြောင့် အသွားအလာကန့်သတ် ရောဂါစောင့်ကြပ် ကြည့်ရှုတာကို အရှိန်အဟုန်နဲ့လုပ်ဖို့  ကျန်းမာရေးနဲ့အားကစားဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

မတ် ၂၉ ရက်အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၀ ယောက် ရှိပြီဖြစ်တဲ့အပြင် နိုင်ငံထဲကို ပြည်ပကနေ အစုလိုက်အပြုံလိုက် ပြန်လည်ရောက်လာသူတွေ များပြားနေတာကြောင့် ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် အဓိက လုပ်ဆောင်ရမယ့်အချက်တွေကို ဖော်ပြတိုက်တွန်းလိုက်တာပါ။

မြဝတီ-မဲဆောက်တံတားက တဆင့် မတ် ၁၉ ရက်ကနေ မတ် ၂၈ ရက်အထိ တရားဝင် ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း ၂၃၀၀၀ ကျော်ရှိပြီး သူတို့ဟာ မြန်မာနိုင်ငံအနှံ့အပြားကို ရောက်နေကြပါတယ်။

သူတို့မှာ COVID-19 ရောဂါကူးစက်ခံရသူတွေ ပါဝင်လာနိုင်ချေများပြားပြီး ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ဖို့ အလားအလာအင်မတန်များနေတာကြောင့် ပြန်ရောက်လာသူတွေ စာရင်းနဲ့ နေထိုင်ရာပြမြေပုံတို့ကို ပြုစုထားရှိပြီး သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အသီးသီးက မြို့နယ်တွေကို ပေးပို့ကာ မြို့နယ်ဆရာဝန်တွေက ဦးဆောင်ပြီး အသွားအလာကန့်သတ်တာ၊ ရောဂါစောင့်ကြပ် ကြည့်ရှုတာကို အရှိန်အဟုန်နဲ့လုပ်ဖို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်တွန်းထားပါတယ်။

အိမ်မှာထားပြီး အသွားအလာကန့်သတ်တာ (home quarantine)၊ ဟိုတယ်မှာထားပြီး အသွားအလာကန့်သတ်တာ (hotel quarantine)၊ ပြည်သူလူထုရဲ့ ဝိုင်းဝန်း ပူးပေါင်းပါဝင်မှုနဲ့ သတ်မှတ်နေရာ အဆောက်အဦတွေမှာထားရှိပြီး အသွားအလာကန့်သတ်တာ (community based facility quarantine) နဲ့ ဆေးရုံမှာထားပြီး အသွားအလာကန့်သတ်တာ (hospital quarantine) တို့မှာ တိုက်ဆိုင်စစ်ဆေးစာရင်းပုံစံ (checklist) တွေကိုသုံးပြီး အသွားအလာ ကန့်သတ်ခံရသူတွေအနေနဲ့ ကန့်သတ်စည်းကမ်းတွေကို တိတိကျကျ လိုက်နာတာ ရှိ မရှိ ဆန်းစစ်ပြီး လိုအပ်သလို ဆက်လုပ်ဖို့ ဖော်ပြထားပါတယ်။

ဒီကာလမှာ ပြည်သူတွေအနေနဲ့ ရောဂါပိုးမကူးစက်စေဖို့ မလိုအပ်ရင် အပြင်မထွက်ဘဲ အိမ်တွေမှာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

လတ်တလောကာလမှာ ကိုယ်တိုင်၊ မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ခရီးသွားရာဇဝင်ရှိပြီး ကိုယ်ပူ ဖျားနာတာ၊ ချောင်းဆိုးတာတွေဖြစ်ရင် အနီးဆုံးကျန်းမာရေးဌာနကို ချက်ချင်းသတင်းပို့၊ သွားရောက်ပြသကြဖို့လည်း တိုက်တွန်းထားပါတယ်။

COVID-19 ရောဂါနဲ့ပတ်သက်လို့ အသိပညာပေးတာနဲ့ လိုက်နာဆောင်ရွက်ရမှာတွေကို ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ လူမှုရေးအဖွဲ့အစည်တွေက အသံချဲ့စက်တွေ သုံးပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ အမျိုးသားရေးအသွင်နဲ့ နေ့စဉ်လှည့်လည် ဆော်ဩအသိပေး ကြဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာနဲ့ လူမှုကွန်ရက် facebook စာမျက်နှာတွေက အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ အသိပေးကြေညာချက်တွေ၊ လမ်းညွှန်ချက်တွေကို လေ့လာဖတ်ရှုပြီး သေသေချာချာ လိုက်နာကျင့်သုံးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013