Home
မြန်မာသတင်း
အင်းစိန်ထောင်တွင် ထောင်ဝင်စာ‌တွေ့မည့် မိသားစုဝင် အရေအတွက်ကို ကန့်သတ်
ဇေယျာချမ်းအေး
·
March 30, 2020
91987706_3006590882731717_3020998915613786112_n
91534251_3006590676065071_2755280846767259648_n
91266917_3006591049398367_3060547983792668672_n
91136593_3006590962731709_6961107251884982272_n
91107743_3006591269398345_2272326411580604416_n
91060224_3006591206065018_8835558428718923776_n
အပြင်မှာပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါအခြေအနေကြောင့် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာဝင်တွေ့သူ အရေအတွက်ကို ထောင်အာဏာပိုင်တွေက ကန့်သတ်ထားတယ်လို့ သိရပါတယ်။ မူလက အကျဉ်းသားရဲ့မိသားစုဝင် နှစ်ဦးသုံးဦး တွေ့ဆုံခွင့်ရခဲ့ပေမယ့် ဒီနေ့ မတ်လ ၃၀ ရက်မှာတော့ မိသားစုဝင်တစ်ဦးကိုသာ တွေဆုံခွင့်ပေးတယ်လို့ ထောင်ဝင်စာလာတွေ့တဲ့ အကျဉ်းသား မိသားစုဝင်တွေကပြောပါတယ်။ မတ်လ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ အင်းစိန်ထောင်ဗူးဝရှေ့မှာတော့ အကျဉ်းသားတွေနဲ့တွေ့ဆုံဖို့ မိသားစုဝင်တချို့ လာရောက်စောင့်ဆိုင်းနေပြပြီး အကျဉ်းသားတွေ ရောဂါကူးစက်ခံရမှာကိုလည်း  မိသားစုတွေက စိုးရိမ်နေပါတယ်။ ရောဂါကူးစက်ခံရမှာကို စိုးရိမ်တဲ့အပြင်  နောက်ဆက်တွဲ စားဝတ်နေရေးခက်ခဲမှာကိုလည်း စိုးရိမ်ပူပန်မိတယ်လို့ အကျဉ်းသားမိသားစုဝင်တွေကပြောပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ COVID-19 ရောဂါ ကူးစက်ခံရသူမရှိသေးပေမယ့် အကျဉ်းသားတွေ ပြွတ်သိပ်နေတဲ့အတွက် အကျဉ်းသားတယောက် ရောဂါဖြစ်ပွားပါက အလျှင်အမြန် ပျံ့နှံ့ကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေတာပါ။  ကျန်းမာရေးဝန်ကြီးဌာနရဲ့မတ်လ၂၉ရက် နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID  19 ကူးစက်ခံရသူ ၁၀ ဦးအထိရှိနေပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အကျဉ်းထောင်ဆူပူတာတွေဖြစ်ပေါ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024