DVB Logo
Home
မြန်မာသတင်း
အဆိုတော် အောင်ရင် အင်္ဂလန်တွင် COVID-19 ကူးစက်ခံရ
DVB
·
March 30, 2020
အဆိုတော် အောင်ရင် အင်္ဂလန်တွင် COVID-19 ကူးစက်ခံရ
Donate to DVB

       အင်္ဂလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဝါရင့်အဆိုတော်တယောက်ဖြစ်တဲ့ အောင်ရင်ဟာ  COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

သားဖြစ်တဲ့ သရုပ်ဆောင် မိုးအောင်ရင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ဖခင်ဖြစ်သူ အမြန်ဆုံး ပြန်လည်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ပြီး ပရိသတ်တွေကို မျှဝေပေးထားခဲ့တာကို တွေ့ရပါတယ်။

ရောဂါကူးစက်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မတ်လ ၂၃ ရက်က မိသားစုဓာတ်ပုံတွေနဲ့ ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“စိတ်တော့ပူတာပေါ့ မတတ်နိုင်ဘူးလေ… ရန်ကုန်ပြန်ဖို့လုပ်ထားတာလည်းမပြန်ဖြစ် … သားကိုလည်းစိတ်ပူ ကိုယ်တိုင်ကလည်း နေမကောင်း (Covid 19 လို့ပြောတာပဲ)… သမီးကလက်ကျိုးသွားလို့ကျောက်ပတ်တီးနဲ့… မတတ်နိုင်ပါဘူး ညစ်ညစ်နဲ့ မိသားစုပုံတွေ ပြန်ကြည့်နေရင်း ပုံတွေတင်လိုက်ဦးမှ”

       အောင်ရင်ရဲ့ ခုလို ဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေကရော၊ ပရိသတ်တွေကပါ ဆုတောင်းစကားတွေ မှတ်ချက်တွေနဲ့ အားပေးနေကြတာကို တွေ့ရပါတယ်။

       အဆိုတော် အယ်လ်လွန်းဝါကတော့ “Get well soon U Aung Yin. မြန်မြန်နေ ကောင်းပါစေ။ အဝေးကနေ ဆုတောင်းပေးရုံကလွဲ ဘာမှ မလုပ်ပေးနိုင်ဘူး။ အရမ်း စိတ် မကောင်းဖြစ်ရပါတယ်”လို့ အားပေးစကားပြော ပို့စ်တင်ခဲ့သလို ဓာတ်ပုံဆရာ ဉာဏက လည်း “ဘာရောဂါမှသက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ် ကိုရင်... အားပေး စရာ မလိုလောက်အောင်အားကောင်းနေသူကြီးပါ”လို့ ရေးသားထားခဲ့တာကိုလည်း တွေ့ ရပါတယ်။

အောင်ရင်ဟာ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “မင်းမရှိတဲ့နောက်”တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ တေးသီချင်းပေါင်းများစွာ သီဆိုနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါတခုလို ဖြစ်နေတဲ့ ကိုရိုနာ COVID-19 ကူးစက်မှုဟာ မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ ၁၀ ယောက် တွေ့ရှိထားပါတယ်။

သက်ဆိုင်ရာကလည်း ဒီရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေရှောင်ကြဉ်ကြဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ချက်တွေကို သတိပြုကြဖို့နဲ့ ကျန်းမာရေး၊ အသိ၊ သတိ ရှိကြစေဖို့ ကြေညာချက်တွေ အဆက်မပြတ်ထုတ်ပြန်ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013