DVB Logo
Home
မြန်မာသတင်း
COVID-19  Call Center ထူထောင်မည်
DVB
·
March 30, 2020
Donate to DVB

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ပတ်သက်ပြီး တနိုင်ငံလုံးက ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်ဖို့အတွက် Call Center ထူထောင်သွားမယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ကပြောပါတယ်။

Call Center ထူထောင်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဆီကနေ နှုတ်အားဖြင့် ခွင့်ပြုချက်ရရှိထားပြီဖြစ်ပါတယ်။

Call Center  ထူထောင်ဖို့ကို Blue Ocean ကုမ္ပဏီ ကနေ ပံ့ပိုးပေးသွားမှာဖြစ်ပြီး တပတ်အတွင်း အကောင်အထည်ဖော်သွားဖို့ရှိပါတယ်။

COVID-19 ကပ်ရောဂါဟာ ၂၀၁၉ ခုနှစ်မှာစတင်ဖြစ်ပွားခဲ့တဲ့အတွက် Call Center နံပါတ်ကို ၂၀၁၉ အနေနဲ့ သတ်မှတ်ဖို့ လတ်တလောမှာ လျာထားပါတယ်။ 

ပြည်သူလူထုအနေ့နဲ့ Call Center ကို ဖုန်းဆက်ပြီး COVID-19 ကိုရိုနာဗိုင်းရပ်ရောဂါနဲ့ ပတ်သက်တဲ့ သိချင်တဲ့ သတင်းအချက်အလက်တွေ ရောဂါဆိုင်ရာလက္ခဏာတွေ ရောဂါပိုးကူးစက်မခံရအောင် နေထိုင်လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်သလို မိမိပတ်ဝန်းကျင်မှာ သံသယလူနာတွေ တွေ့ရှိရင်လည်း Call Center ကို ဆက်သွယ်အကြောင်းကြားနိုင်မှာဖြစ်ပါတယ်။ 

 မြန်မာနိုင်ငံမှာ မတ်လ ၂၉ ရက် ညပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦး၊ စောင့်ကြည်/သံသယလူနာပေါင်း ၄၇၅  ဦး ရှိနေပါတယ်။ 

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၂၁၅၆၂ ဦး၊ သေဆုံးသူ ၃၃၉၆၅ ဦးနဲ့ သက်သာပျောက်ကင်းလာသူ ၁၅၁၁၂၈ ဦးရှိတယ်လို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013