DVB Logo
Home
မြန်မာသတင်း
သင်ရိုးသစ်အတွက် ဆရာဆရာမများကို အွန်လိုင်းမှသင်တန်းပို့ချရန် စီမံချက်ရေးဆွဲ
DVB
·
March 29, 2020
Donate to DVB

သင်ရိုးသစ်အတွက် ဆရာဆရာမတွေ သင်တန်းပို့ချတာတွေကို အွန်လိုင်းကနေ သင်ကြားဖို့ စီမံချက်ရေးဆွဲနေတယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

လာမယ့်ပညာသင်နှစ်မှာ (Grade 4,7,10) အတန်းတွေကို သင်ရိုးသစ်နဲ့ ပြောင်းလဲသင်ကြားသွားမှာဖြစ်ပြီး အခုလိုသင်ကြားနိုင်ဖို့အတွက် ဆရာ၊ ဆရာမတွေကို သင်တန်းပို့ချပေးရပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ COVID- 19 ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံနေရတဲ့အတွက် သင်ရိုးသစ်သင်တန်းတွေကို အွန်လိုင်းကနေသင်ကြားဖို့ စီမံချက်ရေးဆွဲနေတယ်လို့ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။ 

အွန်လိုင်းကနေသင်တန်းပို့ချရာမှာ Myanmar digital Education Platform နဲ့ Social mediaတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်တို့ကို အသုံးပြုပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်ရာမှာ ပထမဦးစားပေးအနေ နဲ့ ဆရာ၊ဆရာမတွေ ရဲ့ လက်ထဲအရောက် teacher Guide နဲ့ Text Bookတွေကိုဖြ န့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေ မိမိကိုယ်ကို လေ့လာဖို့ တွန်းအားပေးတဲ့အနေ နဲ့ လွယ်လွယ်ကူကူလုပ်ဆောင်လို့ရနိုင်မယ့် As signmentတွေကိုပါ တခါတည်းဖြန့်ဝေပေးသွားမှာပါ။ 

လတ်တလောမှာ Text_Bookတွေပုံ နှိပ်ရိုက်ကူးတာတွေ လုပ်ဆောင်နေသလို သင်ခန်းစာအလိုက်ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေကို တည်းဖြတ်တာတွေလုပ်ဆောင်နေပါတယ်။

Grade_4,7,10 အတန်းတွေအတွက် သင်တန်းပို့ချရမယ့် အခြေခံပညာဦးစီးဌာန ကဆရာ၊ဆရာမတွေအပါအ၀င် ကိုယ်ပိုင်းကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ဆရာ၊ဆရာမတွေ စုစုပေါင်း ၅ သိန်းနီးပါးရှိပါတယ်။ 

ပညာရေးဝန်ကြီးဌာနအနေနဲ့  ၂၀၁၅−၁၆ ပညာသင်နှစ်ကနေစပြီး အခြေခံပညာအဆင့်မှာ (KG+12) ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ် ။ လက်ရှိမှာတော့ KG/Grade 1,2,3,6 အတန်းတွေကို သင်ရိုးသစ်နဲ့ ပြောင်းလဲသင်ကြားနေပြီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013