DVB Logo
Home
မြန်မာသတင်း
ပြည်ပနိုင်ငံက ပြန်လာသူများအား မအူပင် အထက်တန်းကျောင်းတွင် စောင့်ကြည့်မည်ကို ကန့်ကွက်ဆန္ဒပြ
DVB
·
March 29, 2020
ပြည်ပနိုင်ငံက ပြန်လာသူများအား မအူပင် အထက်တန်းကျောင်းတွင် စောင့်ကြည့်မည်ကို ကန့်ကွက်ဆန္ဒပြ
1 / 2
Donate to DVB

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်ပနိုင်ငံက ပြန်လာသူတွေကို အထက်တန်းကျောင်းမှာ ထားပြီး စောင့်ကြည့်မှာကို လူ ၃၀၀ ကျော်က မနေ့ညပိုင်းမှာ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်သူတွေက မအူပင်မြို့ ရွှေဘုန်းမြင့်ဘုရားအနောက်ကနေ အမှတ် ၆ ရပ်ကွက်မှာရှိတဲ့ ပြန်လာသူကို စောင့်ကြည့်ဖို့ထားမယ့် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှေ့ထိ ဆိုင်းဘုတ်တွေ ကိုင်ဆောင် လမ်းလျှောက်ဆန္ဒပြခဲ့တာပါ။

မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းဝင်းက “ညက ဆန္ဒပြတာ မှန်ပါတယ်၊ ခုတော့ ဦးဆောင်တဲ့သူကို ရဲစခန်းမှာ ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်ထားပါပြီး၊ တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။

ကန့်ကွက်တာကို ဦးဆောင်ခဲ့တဲ့ ဦးမင်းဇော်ကို မအူပင်မြို့မရဲစခန်းမှာ (ပ) ၄၁၈/၂၀၂၀၊ ငြိမ်းစုစည်းဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ  မအူပင်ခရိုင်ထဲမှာ ပြည်ပနိုင်ငံတွေက ပြန်လာသူ ၄၈၆ ယောက်ရှိပြီး လက်ရှိအချိန်မှာ ကျေးရွာတွေက စာသင်ကျောင်းတွေမှာ စောင့်ကြည့်ထားတဲ့ လူဦးရေ ၂၅ ယောက်ရှိတယ်လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့ရဲ့ မတ် ၂၈ ရက်မှာလုပ်တဲ့ အစည်းအဝေးကနေ သိရပါတယ်။

မအူပင်မြို့၊ အမှတ် ၆ ရပ်ကွက် အထက ၁ စာသင်ကျောင်းမှာ ပြည်ပက ပြန်လာတဲ့သူတွေကို ထားရှိဖို့စီစဉ်ထားပေမယ့် လက်ရှိအချိန်မှာ မထားသေးဘဲ ဆန္ဒပြခဲ့သူတွေ ပြောသလို သံသယလူနာတွေကို ထားမှာမဟုတ်ဘဲ ပြည်ပကပြန်လာတဲ့သူတွေကို ၁၄ ရက် စောင့်ကြည့်သွားမယ်လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူက ပြောပါတယ်။



မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013