DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ပြည်တော်ပြန် ၆၀၀ ကျော်ကို သီးသန့်စောင့်ကြည့်
DVB
·
March 29, 2020
ဧရာဝတီတိုင်းတွင် ပြည်တော်ပြန် ၆၀၀ ကျော်ကို သီးသန့်စောင့်ကြည့်
Donate to DVB

ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့ ၆၆၃ ဦးကို သီးသန့်စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ လူမှုရေး ဝန်ကြီးဒေါက်တာလှမြတ်သွေးအပါအဝင် တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ တိုင်းကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းထွန်းအောင်က COVID-19 ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအတွင်း ရောဂါစောင့်ကြည့် လူနာများအခြေအနေ၊ Hospital Quarantine ထားရှိမှု အခြေအနေ၊ နိုင်ငံသားနှင့်နိုင်ငံခြားမှ ပြန်လာသူ မြန်မာနိုင်ငံသားများအား စောင့်ကြပ်ကြည့်ရှုခြင်း၊ Facility Quarantine ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တာပါ။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအပြီး မတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီအချိန်မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ လူမှုကွန်ရက်ကတဆင့် တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှာ Facility Quarantine Centre ၁၅၀ ဖွင့်လှစ်ထားပြီး မတ် ၂၈ ရက်နေ့အထိ စောင့်ကြပ်ကြည့်ရှုသူပေါင်း ၆၆၃ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ COVID-19 ရောဂါ သံသယနဲ့ စောင့်ကြည့်ခဲ့ရတဲ့သူ ၁၄ ဦးရှိပြီး ၁၁ ဦးမှာ ဓာတ်ခွဲအဖြေအရ ပိုးတွေ့ခြင်းမရှိဘဲ ၃ ဦးရဲ့ ဓာတ်ခွဲအဖြေကို စောင့်နေဆဲဖြစ်တယ်လို့ တိုင်းကျန်းမာရေးဦးစီးမှူးရုံးက သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013