DVB Logo
Home
မြန်မာသတင်း
COVID-19 လူနာများနှင့် ထိတွေ့နီးကပ်ခဲ့သူများ အမြန်ဆုံး သတင်းပို့ရန် တိုက်တွန်း
DVB
·
March 28, 2020
COVID-19 လူနာများနှင့် ထိတွေ့နီးကပ်ခဲ့သူများ အမြန်ဆုံး သတင်းပို့ရန် တိုက်တွန်း
Donate to DVB

COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာတွေနဲ့ ထိတွေ့နီးကပ်ခဲ့သူတွေ၊ ယာဉ်တစီးတည်း အတူစီးနင်းခဲ့သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဌာနနဲ့ အနီးဆုံး ကျန်းမာရေးဌာနကို မဖြစ်မနေ အမြန်ဆုံး သတင်းပို့ကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၅ ယောက် သွားလာခဲ့တဲ့ ခရီးလမ်းကြောင်းတွေကိုလည်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။

C-1 ဓာတ်ခွဲအတည်ပြုလူနာဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး လက်ရှိမှာတော့ ချင်းပြည်နယ်၊ တီးတိန်ဆေးရုံမှာ ကုသခံနေပါတယ်။

သူဟာ သူ့အမေနဲ့အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ကနေ မတ် ၁၃ ရက်မှာ American Airways (AA 3269) နဲ့ ချီကာဂိုမြို့ကို ထွက်ခဲ့ပြီး အဲဒီကတဆင့် ဒိုဟာကို Qatar Airways (Qatar 726) နဲ့ ထွက်ခွာခဲ့ပါတယ်။

မတ် ၁၄ ရက်မှာ ဒိုဟာမြို့ကနေ Qatar Airways (QR 918) နဲ့ ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မတ် ၁၅ ရက် မနက် ၅ နာရီ ၃၅ မိနစ်မှာ ရောက်ခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စစ်ကိုင်းတိုင်း ကလေးမြို့လေဆိပ်ကို မြန်မာ အမျိုးသားလေကြောင်းလိုင်း (UB – 503) နဲ့ ထွက်ခွာပြီး မတ် ၁၅ ရက် နေ့လယ် ၂ နာရီခွဲမှာ ရောက်ပါတယ်။

ကလေးမြို့မှာ မတ် ၁၅ ရက်ကနေ ၁၇ ရက်အထိ တပ်ဦးသီတာ၊ ရတနာပုံလမ်းမှာ တည်းခိုနေထိုင်ခဲ့ပြီး မတ် ၁၅ ရက် ညနေပိုင်းမှာ လမ်းဆုံက ရွှေဆိုင်ကို၊ ၁၆ ရက်နေ့မှာ Cherry Photo Studio မှာ Pre-wedding ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။

မတ် ၁၇ ရက်မှာ ကလေးမြို့ကနေ တီးတိန်မြို့ကို ပြည်ချစ်သားလိုင်းကားနဲ့ ထွက်ခွာခဲ့ပြီး ကားပေါ်မှာ လး ၁၂ ယောက်ပါလာပါတယ်။

တီးတိန်မြို့၊ လွယ်ဘွားရပ်ကွက်တွင် တညအိပ် တည်းခိုနေထိုင်ခဲ့ပြီး မတ် ၁၈ ရက်မှာတော့ ကပ်တဲလ်ရွာကို AG အသင်းတော်ကားနဲ့ ထွက်ခွာခဲ့ပါတယ်။

မတ် ၁၉ ရက် မနက်မှာ ဖျားခဲ့ပြီး ကပ်တဲလ်ရွာက PSI ဆေးခန်းကို သွားပြခဲ့လို့ ဆရာဝန်က ဆေးရုံဝန်းထဲက အဆောင်သစ်ပေါ်မှာ စနစ်တကျ အသွားအလာကန့်သတ်တာ (Quarantine) လုပ်ခဲ့ပါတယ်။

C-2 ဓာတ်ခွဲအတည်ပြုလူနာဟာ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်က အသက် ၂၆ နှစ်အရွယ် အမျိုးသားလူနာဖြစ်ပြီး လက်ရှိမှာ ရန်ကုန်၊ ဝေဘာဂီဆေးရုံမှာ ကုသခံနေပါတယ်။

သူဟာ မတ် ၂၂ ရက်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကနေ Emirates Airline နဲ့ ဒူဘိုင်းကို၊ အဲဒီကတဆင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို FZ 1585 နဲ့ မတ် ၂၂ ရက်မှာပဲ ရောက်ခဲ့ပြီး အသွားအလာကန့်သတ်သူတွေကိုထားတဲ့ လှည်းကူးကျန်းမာရေးသင်တန်းကျောင်းကို ပို့ခဲ့ပါတယ်။ အဲဒီကတဆင့် ဓမ္မဒူတ ဇေတဝန်တောရဆေကိန္ဒာရာမ ကျောင်းတိုက်၊ မှော်ဘီမြို့မှာ အသွားအလာ ကန့်သတ် ခံခဲ့ရတာပါ။

C-3 ဓာတ်ခွဲအတည်ပြုလူနာကတော့ ရန်ကုန်၊ အင်းစိန်မှာနေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လက်ရှိမှာ ရန်ကုန်၊ ဝေဘာဂီဆေးရုံမှာ ကုသခံနေပါတယ်။ သူဟာ မတ် ၂၀ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကနေ ဒိုဟာကို Qatar Airline (0010 H) နဲ့သွားရောက်ပြီး အဲဒီကနေ ဘန်ကောက်ကို Qatar Airline (0830 H) နဲ့ ထွက်ခွာခဲ့ပါတယ်။

မတ် ၂၁ ရက်မှာ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်ကနေ မြန်မာနိုင်ငံကို PG 701 နဲ့ လိုက်ပါလာပြီး မနက် ၉ နာရီ ၄၅ မိနစ်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ခဲ့ပါတယ်။

လေဆိပ်ကနေ အင်းစိန်မြို့နယ်က သူ့ရဲ့အိမ်ကို တက္ကစီနဲ့သွားခဲ့ပြီး အိမ်မှာ မိသားစုဝင် ၇ ယောက်နဲ့ အတူနေထိုင်ပါတယ်။

မတ် ၂၂ ရက် နေ့လယ်ပိုင်းမှာ အင်းစိန်မြို့နယ်က Hair Saloon ကိုသွားခဲ့ပါသေးတယ်။

သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူ မိသားစုဝင် ၂ ယောက်ကို ဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုထားပြီး ကျန်သူတွေကိုတော့ အိမ်မှာပဲ အသွားအလာကန့်သတ်တာကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

သူဟာ မတ် ၂၃ ရက်မှာ ဖျားတာ၊ ချောင်းဆိုးတာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားရလို့ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးကို သွားရောက်ပြသခဲ့လို့ စောင့်ကြည့် လူနာအဖြစ် သတ်မှတ်ပြီး သီးခြားထား ကုသပေးပြီးနောက် မတ် ၂၅ ရက်မှာ ဝေဘာဂီ အထူးကုဆေးရုံကြီးဆီ လွှဲပြောင်းပေးခဲ့တာပါ။

C-4 ဓာတ်ခွဲအတည်ပြုလူနာကတော့ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ အသက် ၃၃ နှစ်အရွယ် မြန်မာတယောက်ဖြစ်ပြီး လက်ရှိ မန္တလေး ကန်တော်နဒီဆေးရုံမှာ ကုသခံနေပါတယ်။

သူဟာ အမေရိကန်နိုင်ငံကနေ ဒိုဟာကို Qatar Airline၊ ဒိုဟာကနေ မြန်မာနိုင်ငံကို မတ် ၁၉ ရက် ညနေ ၆ (၆) နာရီတွင် Qatar Airline (QR – 916) နဲ့ ထွက်ခွာခဲ့ပါတယ်။

မြန်မာနိုင်ငံကို ပြန်ရောက်ပြီး တောင်ဥက္ကလာပမြို့နယ်မှာ တညအိပ်နေခဲ့ပြီး မတ် ၂၀ ရက် ည ၁၀ နာရီမှာ ရန်ကုန်ကနေ မန္တလေးကို ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်နဲ့ သွားရောက်ပြီး ကားဂိတ်ကနေ ချမ်းမြသာစည်မြို့နယ်က နေအိမ်ကို မီနီအိုးဝေနဲ့ သွားခဲ့ပါတယ်။

မတ် ၂၂ ရက်နေ့ကစလို့ ဖျားတာ၊ ချောင်ဆိုးတာ၊ မောပန်းတာ စတဲ့ လက္ခဏာတွေ ခံစားရတာကြောင့် မတ် ၂၅ ရက်မှာ မန္တလေးပြည်သူ့ဆေးရုံကြီးဆီ လာရောက်ပြသတာကြောင့် ကန်တော်နဒီ ဆေးရုံဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

C-5 ဓာတ်ခွဲအတည်ပြုလူနာကတော့ ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်က အသက် ၆၉ နှစ်အရွယ် အမျိုးသားလူနာဖြစ်ပြီး လက်ရှိမှာ ရန်ကုန် ဝေဘာဂီဆေးရုံမှာ ကုသခံနေပါတယ်။

သူဟာ နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျနိုင်ငံတွင် ၁ လလောက် ကုသခံခဲ့ပြီး မတ် ၁၀ ရက်မှာ သြစတြေးလျကနေ စင်ကာပူကို Emirate Airline SG EK-405 နဲ့လာပြီး မတ် ၁၄ ရက်မှာ စင်ကာပူကနေ ရန်ကုန်ကို Aireline 8M – 232 နဲ့ ပြန်လာခဲ့တာပါ။

မတ် ၁၈ ရက်ကစလို့ ဖျားတာ၊ ချောင်ဆိုးတာ၊ လည်ချောင်းနာတာစတဲ့ လက္ခဏာတွေခံစားခဲ့ရလို့ မတ် ၂၅ ရက်ကစပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သီးခြားထား အထူးကြပ်မတ် ကုသပေးခဲ့ပါတယ်။

သူ့ဆီက ဓာတ်ခွဲနမူနာရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ကို ပေးပို့ခဲ့ရာမှာ မတ် ၂၆ ရက်မှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိတာကို တွေ့ခဲ့ရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013