DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ပြည်ပကပြန်လာသူ ၅၀၀ ကျော်ကို နေအိမ်တွင် အသွားအလာ ကန့်သတ်
DVB
·
March 28, 2020
ဝမ်းတွင်းမြို့နယ်တွင် ပြည်ပကပြန်လာသူ ၅၀၀ ကျော်ကို နေအိမ်တွင် အသွားအလာ ကန့်သတ်
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ မတ်လ ၂၇ ရက်အထိ ပြည်ပကနေ တပတ်အတွင်း ပြန်ရောက်လာသူ ၅၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေးပေးပြီး နေအိမ်မှာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်ထားပါတယ်။

ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးရုံး ရုံးအုပ်ကြီး ဦးအောင်ကျော်ဦးက "နိုင်ငံခြားတိုင်းပြည်က ပြန်လာကြသူတွေကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သီးကုန်းအမြန်လမ်းကားဂိတ်မှာ ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးပေးပါတယ်။ မိမိအိမ်မှာပဲ Quarantine ၁၄ ရက်နေကြဖို့ မှာကြားပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီ အပ်ပေးလိုက်တယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ဇန်နဝါရီလကနေ မတ် ၂၂ ရက်အထိ ပြန်တော်ပြန် ၃၅၀ ကျော်၊ မတ်လ ၂၂ ရက်က ဒီနေ့အထိ ၅၀၀ ကျော်၊ စုစုပေါင်း ၈၀၀ ကျော်ရှိပြီး တရုတ်နဲ့ထိုင်းက ပြန်လာကြသူ အများစုဖြစ်ပါတယ်။

မြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအဖွဲ့ပြန်ကြားရေးမှူး ဦးတင်ဆင့်က "ထိုင်းက ပြန်လာတဲ့ ကိုဗစ်ရောဂါသံသယရှိသူ တဦးကိုတော့ မြို့နယ်ဆေးရုံမှာ သီးသန့်ထားပြီး စောင့်ကြည့်နေတယ်။ ရွာတွေကပြန်လာသူတွေကို စာသင်ကျောင်းတို့ ဘုန်းတော်ကြီးကျောင်းတို့မှာ တစုတစည်းတည်း ထားပြီး ၁၄ ရက်စောင့်ကြည့်ဖို့ ပြင်ဆင်နေပါတယ်" လို့ ပြောပါတယ်။

ဆူးပန်းရွာနေ ကိုဆန်းဝင်းက "ကျနော်တို့ကျေးရွာအုပ်စုတခုတင် နိုင်ငံခြားထွက် အလုပ်လုပ်တာ ၄၀၀ကျော် ၅၀၀ လောက်ရှိမယ်။ မလှမ်းမကမ်းက ဂုဏ်ရွာကျေးရွာမှာလည်း အဲလောက်ရှိမယ်။ သင်္ကြန်နားနီးရင် တရားဝင်ရော မဝင်တာရော လုံးပြီး ပြန်လာကြမယ်။ ကပ်ရောဂါကြီးကို လက်ဆောင်မယူလာပါနဲ့လို့ ဆုတောင်းနေရတာပါပဲ" လို့ ပြောပါတယ်။

မိတ္တီလာခရိုင်တခုလုံးမှာတော့ ဇန်နဝါရီက စပြီး ဒီနေ့အထိ နေရပ်ပြန်လာကြသူပေါင်း ၁၈၆၆ ယောက်ရှိပြီး တဝက်ကျော်က ဝမ်းတွင်းမြို့နယ်က ဖြစ်တယ်လို့ သိရပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013