DVB Logo
Home
မြန်မာသတင်း
ဘားအံဆေးရုံတွင် COVID-19 စောင့်ကြည့် လူနာ ၅ ဦးရှိ
DVB
·
March 26, 2020
ဘားအံဆေးရုံတွင် COVID-19 စောင့်ကြည့် လူနာ ၅ ဦးရှိ
1 / 2
Donate to DVB

ကရင်ပြည်နယ် ဘားအံပြည်သူ့ဆေးရုံကြီးမှာ မတ် ၂၅ ရက်နေ့ ညနေ့ပိုင်းအထိ COVID-19 စောင့်ကြည့်လူနာ ၄ ဦးရှိပြီး သံသယလူနာ ၁ ဦးရဲ့ ဓာတ်ခွဲတွေ့ရှိချက်တွေကို ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး သံသယရှိလူနာ ၄ ဦးမှာ ဓာတ်ခွဲစမ်းသပ်ချက်အဖြေအရ ကောင်းမွန်ပြီး ကျန်လူနာ ၁ ဦးမှာ ဓာတ်ခွဲစမ်းသပ်ချက်အဖြေ မရရှိသေးတဲ့အတွက် သံသယစောင့်ကြည့်လူနာအဖြစ် ရှိနေတာပါ။

COVID-19 ရောဂါစောင့်ကြည့်လူနာနဲ့ သံသယရှိလူနာ ၅ ဦးလုံးမှာ ကျန်းမာရေး ကောင်းမွန်ပြီး ပြည်သူတွေ သံသယဝင်နေတာတွေပျောက်ဖို့ စစ်ဆေးမှုတွေ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဘားအံပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က “မနေ့က နေ့လယ်က ခရီးသွားတယောက် ရောက်တယ်။ အဲဒီတယောက်ကိုလည်း သံသယလူနာအနေနဲ့ စောင့်ကြည့်ထားတယ်။ ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ဒီနေ့မနက် ပို့လိုက်တယ်။ လူနာရဲ့ လက်ရှိအခြေအနေက ကောင်းတယ်။ ပြည်သူတွေ သံသယဝင်နေတာ ပျောက်ဖို့ စစ်ဆေးထားတာ” လို့ ပြောပါတယ်။

COVID-19 သံသယစောင့်ကြည့် လူနာအဖြစ် ဘားအံပြည်သူ့ဆေးရုံကြီးမှ ၁ ဦးနဲ့ မြဝတီမြို့ ပြည်သူ့ဆေးရုံကြီးမှ လူနာ ၁ ဦးတို့မှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က မတ် ၂၅ ရက် ည ၉ နာရီ၄၅မိနစ်ချိန်က ထုတ်ပြန်တဲ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ ရောဂါပိုးမတွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဘားအံပြည်သူ့ဆေးရုံကြီးမှာ COVID-19 သံသယလူနာတွေ တပြိုင်တည်း ၄ ဦး လက်ခံကုသနိုင်အောင် စီမံဆောင်ရွက်ထားသလို လက်ရှိမှာလည်း သီးခြားကျယ်ဝန်းတဲ့ စိတ်ရောဂါကု နှစ်ထပ်ဆောင်ကို တိုးချဲ့ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း COVID-19 ရောဂါနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေက ပြောဆိုနေမှုတွေကို မယုံကြည်ဖို့၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကိုသာ ယုံကြည်ပေးဖို့နဲ့ လေ့လာပေးဖို့၊ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ဖို့၊ လူများတဲ့နေရာတွေကို ရှောင်ကြဉ်ပေးဖို့နဲ့ မိမိတို့နေအိမ်မှာပဲ နေထိုင်ပေးဖို့ လိုက်လံအသိပေး နှိုးဆော်ထားပါတယ်။



 

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013