DVB Logo
Home
မြန်မာသတင်း
ချောက်တွင် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြား
DVB
·
March 26, 2020
ချောက်တွင် စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြား
1 / 2
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိမ်းချုပ်နိုင်ဖို့ မတ် ၂၆ ရက်နေ့မှ စတင်ပြီး အစားအသောက် အရောင်းဆိုင်တွေကို ဆိုင်ခင်းကျင်း မရောင်းချဖို့နဲ့ ပါဆယ်စနစ်နဲ့ ရောင်းချပေးဖို့ ညွှန်ကြားထားတယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးနေမန်းက ပြောပါတယ်။

“မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အစားအသောက် အ‌ရောင်းဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချဖို့ ပြောတဲ့အတွက် ဆိုင်ရှင်တွေကို ခေါ်ပြီးပြောတာပါ။”

မတ် ၂၅ ရက်နေ့ ညနေပိုင်းက ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင်မှာ မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေ၊ ဘီယာအရက်စားသောက်ဆိုင် အစရှိတဲ့ ဆိုင်ရှင် ၆၀ ကျော်ကို ပါဆယ်စနစ်နဲ့ ရောင်းချပေးဖို့ ညွှန်ကြားလိုက်တာပါ။



အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလည်း ချောက်မြို့နယ်အတွင်း နိုင်ငံရပ်ခြားမှာ အလုပ် လုပ်ကိုင်ပြီး ပြန်လာသူတွေကို သီသန့်ထား စောင့်ကြည့်မယ့်နေရာတွေ စီစဉ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၅ ရက်နေ့အထိ စောင့်ကြည့်နဲ့ သံသယလူနာ ၂၇၅ ဦးရှိပြီး ရောဂါကူးစက်ခံထားရသူ ၃ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ စောင့်ကြည့်နဲ့ သံသယလူနာ ၄၀ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိဘူးလို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၄၆၈၉၀၅ ဦး၊ သေဆုံးသူ ၂၁၂၀၀ ဦးနဲ့ သက်သာပျောက်ကင်းသူ ၁၁၄၂၁၈ ဦးရှိတယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013