DVB Logo
Home
မြန်မာသတင်း
ကလေးမြို့အဝင်အထွက်ကို  ကျန်းမာရေးစစ်ဆေးပြီး ပြန်လည်ခွင့်ပြု
DVB
·
March 25, 2020
ကလေးမြို့အဝင်အထွက်ကို  ကျန်းမာရေးစစ်ဆေးပြီး ပြန်လည်ခွင့်ပြု
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရဲ့ ဝင်ထွက်ဂိတ်တွေကို ပြန်လည်ခွင့်ပြုပေးထားပြီး ဝင်ထွက်သွားလာသူတွေကိုတော့ ကျန်းမာရေးစစ်ဆေးနေတယ်လို့ ကလေးမြို့နယ်က ပြည်သူ့လွှတ်တော်အမတ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။

ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံမှာ COVID-19 အတည်ပြုလူနာတွေ့ရှိပြီးနောက်မှာ အဆိုပါလူနာသွားခဲ့တဲ့ ကလေးမြို့က မြို့အဝင်အထွက်တွေကို ခေတ္တပိတ်ထားခဲ့တာပါ။

မနေ့က မတ်လ ၂၄ ရက် ညပိုင်းမှာ မြို့အဝင်အထွက်ဂိတ်တွေကို ပြန်လည်ခွင့်ပြုပေးထားခဲ့ပြီး ကျန်းမာရေးစစ်ဆေးပြီးမှာ မြို့ကို ဝင်ထွက်စေနေတယ်လို့ ကလေးမြို့နယ်အမတ်  ဒေါ်အေးအေးမူ က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ကအထိ သိရသလောက်ကတော့ စစချင်းကတော့ တစ်မြို့လုံးကို Lock Down ချမယ်ပေါ့။ ဒါပေမယ့် ကျမတို့ ကလေးကနေ တခြားဒေသကို အလည်သွားတဲ့သူတွေ၊ ပြန်လာမယ့် သူတွေပေါ့နော်၊ ကားအစီးရေပေါင်းများစွာပေါ့။ အဓိကကတော့ တီးတိန်က ဆင်းလာမယ့် သူတွေပေါ့။ အခု Positive ဖြစ်နေတဲ့လူနာနေတဲ့ မြို့နယ်လည်းဖြစ်တဲ့အတွက် အဲ့တာကိုတော့ အထူးသတိထားပြီးတော့ စစချင်းတော့ Lock Down လုပ်လိုက်တယ်။ ကိုယ့်ကလေးမြို့က ပုဂ္ဂိုလ်တွေ၊ ကိုယ့်ကလေးမြို့က လူထုတွေကလည်း အဲ့ဘက်ကို ရောက်ပြီးတော့ ပြန်လာမယ့် သူတွေကလည်း အများကြီးဖြစ်နေတဲ့ အခါကြတော့ ဒါကို အုပ်ချုပ်ရေးပိုင်းနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အချိန်နဲ့တပြေးညီညှိနှိုင်းပြီးတော့ အဖျားအပူချိန်တိုင်း ပြီးတော့ ဘယ်ဒေသလာတယ်။ နိုင်ငံခြားကနေလာတာလား၊ အိန္ဒိယဘက်ကနေလာတာလားဆိုတာကို တစ်ယောက်ချင်း စစ်ပြီးတော့မှ ဝင်ခွင့်ပေးလိုက်တယ်လို့ကြားတယ်”

မနေ့က အစောပိုင်း မြို့ဝင်ခွင့်မပေးတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ပြီး Positive လူနာအနေနဲ့ ကလေးမြို့မှာ ၄ ရက်လောက် နေသွားခဲ့တဲ့အတွက် ရောဂါပျံ့နှံ့မှုမရှိအောင် ထိန်းချုပ်လိုတဲ့ သဘောသာဖြစ်တယ်လို့ ဆိုပါတယ်။

Positve လူနာကို တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီးနောက်မှာ ကလေးမြို့မှာ စားသောက်ကုန်တွေ အလုအယက်ဝယ်ယူကြတာ မရှိဘူးလို့ ပြောပါတယ်။

“ကလေးမြို့မှာတော့ အဲ့လိုကြီးကြီးမားမားမရှိဘူး။ပြီးတော့ ဆန်ကုန်သည်ကြီးများအသင်းက လည်း ထုတ်ပြန်တယ်လေ။ ပုံမှန်စျေးအတိုင်းပဲ သူတို့ရောင်းချပေးမယ်ဆိုပြီးတော့။ ကြီးကြီးမားမား ပြဿနာတော့ မဖြစ်ပါဘူး။ ပုံမှန်လေးပဲ စျေးဝယ်၊စျေးသွားလုပ်ကြတယ်”  လို့လည်း ဒေါ်အေးအေးမူ က ပြောပါတယ်။

ကလေးမြို့ကို လာရောက်ခဲ့တဲ့ ချင်းပြည်နယ်၊တီးတိန်မြို့က COVID-19 Positive လူနာဟာ တီးတိန်ပြည်သူ့ဆေးရုံမှာ Hospital Quarantine အဖြစ် နေထိုင်နေပြီး ဖျားနာမှုမရှိတော့ဘူးလို့ သိရပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013