DVB Logo
Home
မြန်မာသတင်း
တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် အင်္ဂလန်ပြန် မောင်နှစ်မ ၂ ဦးကို စောင့်ကြည့်လူနာအဖြစ်ထားရှိ
DVB
·
March 25, 2020
တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် အင်္ဂလန်ပြန် မောင်နှစ်မ ၂ ဦးကို စောင့်ကြည့်လူနာအဖြစ်ထားရှိ
Donate to DVB

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ အင်္ဂလန်နိုင်ငံကပြန်လာတဲ့ မောင်နှမ နှစ်ဦးကို   COVID-19 စောင့်ကြည့်လူနာအဖြစ်ထားရှိတယ်လို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနက သိရပါတယ်။

အင်္ဂလန်ပြန် အမျိုးသမီးတစ်ဦးမှာ ဘာရောဂါလက္ခာဏာမှ တွေ့ရှိခြင်းမရှိပေမယ့် သူ့ရဲ့မောင်လေးဖြစ်သူက အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ့ရှိတာမို့ နှစ်ဦးလုံးကို စောင့်ကြည့်လူနာအဖြစ်ထားရှိတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက “အင်္ဂလန်ကပြန်လာတဲ့ အမျိုးသမီး အသက် ၂၃ နှစ်ပေါ့နော် သူကဘာရောဂါလက္ခာဏာမှမရှိဘူး။ ဒါပေမယ့် သူ့ရဲ့မောင်လေးက အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေရှိတယ်။ အဲ့ဒါ ကြောင့်နှစ်ယောက်စလုံးကို ဆေးရုံတင်ပြီး စောင့်ကြည့်လူနာသတ်မှတ်ထားတယ်”လို့ ပြောပါတယ်။

အဆိုပါစောင့်ကြည့်လူနာ မောင်နှမ နှစ်ဦးကို ဓာတ်ခွဲနမူနာယူပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ပို့ဆောင်ထားပါတယ်။

စဝ်စံထွန်းဆေးရုံမှာ အင်္ဂလန်ပြန်စောင့်ကြည့်လူနာ မောင်နှမအပြင် ထိုင်းနိုင်ငံကနေပြန်လာတဲ့ လူနာတစ်ဦးလည်း မတ်လ ၂၄ ညက ထပ်မံရောက်ရှိပြီး စောင့်ကြည့်လူနာအဖြစ် အတည်မပြုသေးဘူးလို့ ဒေါက်တာနင်းအိဖြူက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာစောင့်ကြည့်လူနာအနေနဲ့ ကျေးသီးဆေးရုံမှာ တစ်ဦး၊ စဝ်စံထွန်း မှာ သုံးဦးနဲ့ စောင့်ကြည့်အဆင့်အတည်မပြုသေးတဲ့ ထိုင်းနိုင်ငံပြန်တစ်ဦးရှိတယ် လို့သိရပါတယ်။

သတင်း- ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013