
ပစိဖိတ်သမုဒ္ဒရာထဲက ရုရှားနိုင်ငံပိုင် ကူရီလ်ကျွန်းစုမှာ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၆ ရှိ (၇.၆) အဆင့်ရှိ အင်အား အလွန်ပြင်းထန်တဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မတ်လ ၂၅ ရက် မြန်မာစံတော်ချိန်မနက် ၉ နာရီ၊ ၁၉ မိနစ်၊ ၁၃ စက္ကန့် အချိန်မှာ မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၈၂၇ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပ (East of Kuril Islands) မြောက်လတ္တီတွဒ် ၄၉.၀၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၅၈.၀၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ သတင်းမှာဖော်ပြပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမိအန္တရာယ်မရှိသလို ထိခိုက်ပျက်စီးမှုသတင်းတွေကိုတော့ ခုချိန်အထိ မကြားရသေးပါဘူး။
ကူရီလ်ကျွန်းစုဟာ ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကနေ အရှေ့မြောက်ဘက် မိုင် ၈၁၀ လောက် အကွာအဝေးမှာတည်ရှိပြီး ခုငလျင်ကတော့ ဂျပန်နိုင်ငံ ဆပ်ပိုရိုမြို့ရဲ့ အရှေ့မြောက်ဘက် ၁၄၀၀ ကီလိုမီတာ အနက် ၅၉ မီတာလောက်မှာ လှုပ်ခတ်သွားတာဖြစ်ပါတယ်။










