DVB Logo
Home
မြန်မာသတင်း
ပြွန်တန်ဆာ တိုက်နယ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးကို စောင့်ကြည့်ကုသပေးနေ
DVB
·
March 25, 2020
ပြွန်တန်ဆာ တိုက်နယ်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးကို စောင့်ကြည့်ကုသပေးနေ
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ တိုက်နယ်ဆေးရုံမှာ ထိုင်းနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၂ ဦးကို မတ် ၂၄ ရက်​နေ့က ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်​ စောင့်​ကြည့်ကုသပေးနေတယ်လို့ တိုက်နယ်ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။

ပြွန်တန်ဆာမြို့ ချောင်းရင်ကျေးရွာအုပ်စု ကညင်နှစ်ပင်ကျေးရွာက အမျိုးသား ၁ ဦးနဲ့ လှည်းဆိပ်ကျေးရွာအုပ်စု ကဒါး-သဲ​​ကျော ကျေးရွာက အမျိုးသား ၁ ဦးတို့ကို သံသယလူနာအဖြစ်​ စောင့်​ကြည့်ကုသပေးနေတာပါ။

ကညင်နှစ်ပင်ကျေးရွာက ၁၈ နှစ်အရွယ် အမျိုးသားဟာ လွန်ခဲ့တဲ့ ၁၂ ရက်က ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ဖျားပြီး ၄ ရက်အကြာမှာ ဆေးရုံရောက်လာတာလို့ ဆိုပါတယ်။

ကဒါး-သဲ​​​ကျောမှာ နေထိုင်သူ ၃၃ နှစ်အရွယ် အမျိုးသားကတော့ ထိုင်းနိုင်ငံကနေ မတ် ၂၃ ရက်က ပြန်လာတာဖြစ်ပြီ မတ် ၂၄ ရက် ရွာပြန်ရောက်ပြီး ချောင်းဆိုးပြီး အဖျား ၁၀၁ နဲ့ ညနေပိုင်း ​ဆေးရုံကို ​ရောက်ရှိလာခဲ့တာလို့ ​ပြွန်တန်ဆာ​မြို့ တိုက်နယ်ဆရာဝန် ဒေါက်တာကျော်​စောဝင်းမောင်က ဒီဗွီဘီကို​​ ပြောပါတယ်။

နှစ်ယောက်လုံးကို ဆေးရုံမှာ စစ်လို့ရသမျှ အကုန်စစ်ဆေးပေးနေပြီး တ​​ခြားလူနာ​တွေနဲ့ ခွဲ​ကာ သံဃာဆောင်အခန်းမှာ ထားကာ ကုသ​ပေးနေတယ်လို့ ဆိုပါတယ်။

“ပထမတယောက်က အခုအချိန်ထိတော့ ကောင်းတယ်၊​​ စောင့်ကြည့်သံသယလူနာ​ပေါ့။ ခရီးသွား historyနဲ့ အဖျားရှိတယ်၊ ချောင်းဆိုးတယ်ဆိုတော့ ကျနော့်ဆီရောက်​တော့ အဖျားက မရှိဘူး၊ ပထမတယောက်နဲ့ နောက်တယောက် ကေ့စ်ချင်းကမတူဘူး ဖြစ်နေတယ်၊။ နောက်တ​ယောက်က လတ်တလော အပူ ၁၀၁ နဲ့ ဖျားလည်း ဖျားတယ်၊ ချောင်းလည်းဆိုးတယ်၊ ယှဉ်ရရင်တော့ ဒုတိယလူနာက ပိုပြီးသံသယ level ပို​မြင့်တဲ့သ​ဘော။”

သံသယလူနာနှစ်ဦးနဲ့ပတ်သက်ပြီ ဓာတ်ခွဲစမ်းသပ်မှု​တွေ ပြုလုပ်သွားမှာဖြစ်ပြီး ​ညောင်​လေးပင်​​မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာ တွေ့ရှိတာဟာ ပထမအကြိမ် စတင်တွေ့ရှိတာပါ။

ဒီနေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃ ယောက် ရှိပြီဖြစ်ပြီး စောင့်ကြည့်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ယောက် ရှိနေပါတယ်။ 

တကမ္ဘာလုံးမှာတော့ ဒီနေ့မနက် ၈ နာရီခွဲအထိ နိုင်ငံ နေရာဒေသပေါင်း ၁၉၇ ခုမှာ ကူးစက်ခံရသူ ၄၂၂၆၁၃ ယောက်၊ သေဆုံးသူ ၁၈၈၉၁ ယောက်နဲ့ ပြန်လည်သက်သာလာသူ ၁၀၈၈၇၉ ယောက်ရှိပြီလို့ အတည်ပြုထားပါတယ်။ 



နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013