DVB Logo
Home
မြန်မာသတင်း
ပြွန်တန်ဆာနှင့် ဒိုက်ဦးဘူတာကြား၌ အမြန်ရထားနှင့် ထွန်စက်တိုက်မိပြီး အမျိုးသား ၂ ဦးသေဆုံး
DVB
·
September 15, 2026
Photo: U Zaw Moe Aye
Photo: U Zaw Moe Aye
Donate to DVB

ညောင်လေးပင်-ပဲခူး လမ်းပိုင်း ပြွန်တန်ဆာဘူတာနဲ့ ဒိုက်ဦးဘူတာအကြားမှာ စက်တင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲက DEMU အမြန်ရထားနဲ့ လယ်ထွန်စက် တိုက်မိပြီး အမျိုးသားနှစ်ယောက် သေဆုံးသွားတယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲက နေပြည်တော်ကနေ ရန်ကုန်ကို ထွက်ခွာတဲ့အမှတ် ၈ DEMU အစုန်ရထားမှာ ပြွန်တန်ဆာဘူတာနဲ့ ဒိုက်ဦးဘူတာအကြားမှာ တရားမဝင်လမ်းကူးကနေ ဖြတ်ဝင်လာတဲ့ ထွန်စက်ကို တိုက်မိပြီး ထွန်စက်ပေါ်က အမျိုးသားနှစ်ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မီးရထားတွေက အမြန်နှုန်းနဲ့သွားနေတာကြောင့် ရထားလမ်းဖြတ်ကူးသူတွေအနေနဲ့ လမ်းကူးတဲ့အခါ သတိထားကြဖို့ မြန်မာ့မီးရထားမှ ဦးဇော်မိုးအေးက လူမှုကွန်ရက်မှာ သတိပေးထားပါတယ်။

“ရထားတွေဟာ အင်နားရှားကြီးမားတာကြောင့် ကားတွေလို ချက်ချင်းရပ်လို့မရပါဘူး။ အရေးပေါ်ဘရိတ်ကို အသုံးပြုမယ်ဆိုရင်တောင် စက္ကန့် ၂၀ ကျော် ကြာပါတယ်။ ရထားရဲ့ မြန်နှုန်းဟာ 60 kh/h ဆိုရင် တစက္ကန့်ကို ၅၅ ပေ သွားနေတာပါ။ 70kh/h ဆိုရင် ၆၂ ပေ၊ 80kh/h ဆိုရင် ၇၃ ပေ၊ 90kh/h ဆိုရင် ၈၂ ပေ သွားနေတာပါ။ ဒါကြောင့် စက္ကန့်ပိုင်းအတွင်းမှာ ကိုယ့်ဆီကို ရောက်လာမှာဖြစ်လို့ မဖြစ်မနေ ရထားလမ်းကူးရတော့မယ်ဆိုရင် ဘေးဘယ်ညာကြည့်ပြီးမှ ကူးသင့်တယ်။”

စက်တင်ဘာ ၁၃ ရက် မနက် ၇ နာရီကလည်း ရန်ကုန်အထွက်မှာ အမှတ် ၅ အဆန် DEMU အမြန်ရထားနဲ့ ဘေးတွဲ တိုက်မိပြီး ဘေးတွဲမောင်းလာတဲ့ ဘုန်းကြီးနဲ့ လိုက်ပါလာသူ ကိုရင်လေး သေဆုံးခဲ့တယ်လို့ မြန်မာ့မီးရထားရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုနှစ် ဇွန် ၂၂ ရက် ညနေ ၄ နာရီခွဲကလည်း ဧရာဝတီတိုင်း ပုသိမ်မြို့ ရွှေဝတ်မှုံ မီးရထားဘူတာရုံအနီးမှာ သားအဖနှစ်ယောက် ရထားတိုက်ခံရပြီး ဖခင်ဖြစ်သူ သေဆုံးကာ ၈ နှစ်အရွယ် သမီးငယ်လေး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူ ဩဂုတ် ၁ ရက် ညနေ ၅ နာရီကလည်း ဘုရားကြီးဘူတာမှာ မန္တလေး-ရန်ကုန် DEMU အမြန်ရထား ဝင်တိုက်မိတာကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013