DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် မြန်မာများ နေအိမ်တွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ်  နေထိုင်ရမည်   
DVB
·
March 23, 2020
ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် မြန်မာများ နေအိမ်တွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ်  နေထိုင်ရမည်   
Donate to DVB

ထိုင်းနိုင်ငံက ပြန်လည်ဝင်ရောက်လာတဲ့  မြန်မာနိုင်ငံသားတွေအနေနဲ့ ၁၄ ရက်တာ ကာလအထိ   (Home Quarantine) နေအိမ်မှာ အသွားအလာကန့်သတ်နေထိုင်ရမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

မတ်လ ၂၂ ရက်က နေပြ‌ည်တော်မှာကျင်းပတဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားသွားတာပါ။

အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအများအပြား ပြည်တွင်းကို ပြန်ဝင်ရောက်နေပြီဖြစ်လို့ နိုင်ငံတွင်း ရောဂါဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားလာကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူ အလွန်များပြားလို့ သူတို့ကို သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်တာ (facility quarantine) ကိုဆောင်ရွက်ဖို့မဖြစ်နိုင်ကြောင်းနဲ့ သူတို့ရဲ့ နေအိမ်တွေမှာပဲ အသွားအလာကန့်သတ်တာ (home quarantine) ကို ဆောင်ရွက်ရမယ်လို့ ဝန်ကြီးက ပြောပါတယ်။

နေရပ်ပြန်လာသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အချက်တွေကို အသိစိတ်ဓာတ်ရှိစွာနဲ့ တိကျစွာလိုက်နာပြီး ၁၄ ရက်တာကာလအထိ နေအိမ်မှာ အသွားအလာကန့်သတ်နေထိုင်ရမယ်၊  ဒါမှသာ ရောဂါဖြစ်ပွားပါက ချက်ချင်းသိရှိပြီး လျင်မြန်စွာကုသမှုပေးနိုင်မှာဖြစ်သလို မိမိရဲ့ မိဘ၊ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေကို ရောဂါမကူးစက်စေဖို့ ထိထိရောက်ရောက် တားဆီးထိန်းချုပ်နိုင်မယ်လို့ ဝန်ကြီးက ပြောပါတယ်။

နေအိမ်တွေမှာ အသွားအလာကန့်သတ်နေထိုင်သူတွေအနေနဲ့ နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနကို တယ်လီဖုန်းနဲ့ မဖြစ်မနေသတင်းပေးပို့ရမယ်၊ လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့  ကြီးကြပ်ဆောင်ရွက်ရမယ်လို့ ဝန်ကြီးက တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် COVID-19ရောဂါကူးစက်ပြန့်ပွားနေတဲ့ နိုင်ငံတွေမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာတဲ့ ကုလသမဂ္ဂအဖွဲ့နဲ့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ၊ သံရုံးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကိုလည်း သက်ဆိုင်ရာ နေအိမ်တွေမှာသာ နေထိုင်စေပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှ သက်ဆိုင်ရာနေရပ်နိုင်ငံတွေကို ပြန်လည်သွားရောက်လိုတဲ့ သံရုံးဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂဝန်ထမ်းတွေအတွက် အခုလက်ရှိမှာ COVID-19 ရောဂါလက္ခဏာတွေမရှိကြောင်း ထောက်ခံချက် ပြုလုပ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးမယ်လို့လည်း အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံကနေ  မြန်မာနိုင်ငံ မြဝတီဘက်ကို အခုရက်ပိုင်းအတွင်း တရက်လျင် မြန်မာလုပ်သား ၁၀၀၀၀ လောက် နေရပ်ပြန်နေကြပြီး တာဝန်ရှိ သူတွေက ကျန်းမာရေးစစ်ဆေးတာနဲ့ အချက်အလက်ရယူတာတွေ လုပ်ဆောင်နေပါတယ်။

မတ်လ ၂၃ ရက် ဒီကနေ့စတင်ပြီး ထိုင်း-မြန်မာ နယ်စပ်အဝင်အထွက်ဂိတ်တွေကို ပိတ်ပင်မယ်လို့ ကြေညာထားတာကြောင့် မနေ့က မဲဆောက်-မြဝတီဂိတ်မှာ နေရပ်ပြန်မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ပြန်ဝင်ရောက်လာကြပါတယ်။ 

ဓာတ်ပုံ-MOH&S

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013