DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး အရပ်ဘက်နှင့်ပူးပေါင်းရန် ပြင်ထားဟု တပ်မတော်ပြော
DVB
·
March 23, 2020
Donate to DVB

ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ရေးအတွက် အရပ်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လုပ်ငန်းစီမံချက်တွေကို ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက်ထားတယ်လို့ တပ်မတော်က ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက အခုလို ပြောတာပါ။

ဒီလို ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစီမံချက်တွေထဲမှာ လေ့ကျင့်တာနဲ့ ပေါင်းစပ်ညှိနှိုင်းတာ၊ ကြိုတင်ကာကွယ်တာနဲ့ ကုသမှုလုပ်ငန်းဆောင်ရွက်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“တိုင်းနဲ့ပြည်နယ်အလိုက် ဆေးရုံသတ်မှတ်ချက်တွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွက်ဆိုရင် အမှတ် (၁) ကုတင် ၃၀၀၊ နေပြည်တော်အတွက်ဆိုရင် အမှတ် (၂) တပ်မတော်ဆေးရုံ ကုတင် ၁၀၀၀၊ ရခိုင်ပြည်နယ်အတွက်ဆိုရင် အမှတ်(၈) စစ်မြေပြင်ဆေးတပ်ရင်းတွေကနေ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုပေါင်းစပ်ညှိနှိုင်းပေးမယ့် ဆေးရုံ ၁၇ ခု၊ တိုင်းဒေသကြီး ၁၄ ခု အပါအဝင် ရှမ်းမှာဆို အရှေ့၊ တောင်ဘက် ဒါမျိုးတွေ ခွဲထားတာ၊ နယ်မြေ ၁၇  ခုမှာ ဆေးရုံ ၁၇ ခု သတ်မှတ်ပြီးဖြစ်တယ်” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အကူအညီတောင်းခံလာလို့ရှိရင် တပ်မတော်အနေနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တိုင်းမှာ ဆေးမှူးဦးစီးတဲ့ သူနာပြု ၂ ဦး၊ သူနာပြု စစ်သည်န ၂ ဦး စုစုပေါင်း ၅ ဦးနဲ့ ဆောင်ရွက်ပေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

ရောဂါဖြစ်ပွားမှုကို အရောင်အလိုက် အဆင့်တွေခွဲသတ်မှတ်ပြီး လိမ္မော်ရောင်အဆင့်နဲ့ အနီရောင်အဆင့်ဖြစ်လာခဲ့ရင် တပ်မတော်မှာရှိတဲ့ ဆေးဝန်ထမ်းအင်အားရဲ့ ဆယ်ပုံ နှစ်ပုံထိ အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

 “လိမ္မော်ရောင်အဆင့်ရောက်ရင် တပ်မတော်မှာရှိတဲ့ ဆေးဝန်ထမ်းတွေအင်းအားရဲ့ ဆယ်ပုံတစ်ပုံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အင်းအားရဲ့  ဆယ်ပုံတစ်ပုံမှာ ဆရာဝန် ၂၂၁ ဦး၊ သူနာပြု ၅၈၅ ဦး၊ ပေါင်း ၈၀၆ ဦးရှိမှာဖြစ်တယ်။ ဒီ ၈၀၆ ဦးက သူ့နယ်မြေအလိုက် ရှိမှာဖြစ်တယ်။ နေပြည်တော်မှာဆိုရင် ဆရာဝန် ၃၉ ဦး၊ သူနာပြု ၆၂ ဦး၊ ပေါင်း ၁၀၁ ဦးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်။ ရန်ကုန်တိုင်းစစ်ဌာနနယ်မြေမှာဆိုရင် ဆရာဝန် ၅၈ ဦး၊ သူနာပြု ၁၄၈ ဦး ပေါင်း ၂၀၈ ဦးနဲ့  ဆောင်ရွက်သွားမှာဖြစ်တယ်။ ရခိုင်မှာဆိုရင် ဆရာဝန် ၁၀ ဦး၊ သူနာပြု ၂၈ ဦး၊ ပေါင်း ၃၈ ဦးနဲ့ ဆောင်ရွက်သွားမှာဖြစ် တယ်။ အဲကမှ ပိုပြင်းထန်လာပြီ အနီရောင်အဆင့်ရောက်လာရင်တော့ အင်အားရဲ့ ဆယ်ပုံပုံ နှစ်ပုံနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်တယ်။ အဲမှာ ဆရာဝန် ၄၄၂ ဦး၊ သူနာပြု ၁၁၇၀ ဦး ပေါင်း ၁၆၁၂ ဦးရှိမှာဖြစ်ပါတယ်။ မပခနယ်မြေ ကချင်ပြည် နယ်မှာဆိုရင် ဒီအဆင့်မှာဆိုရင် ဆရာ ၇၈ ဦး၊ သူနာပြု ၁၂၄ ဦး၊ ပေါင်း ၂၀၂ ဦး၊ တောင်ကြီးမှာဆိုရင် ဆရာဝန် ၂၂ ဦး၊ သူနာပြု ၆၀ ဦး ပေါင်း ၈၂ ဦး၊ မန္တလေးမှာဆိုရင် ဆရာဝန် ၄၈ ဦး၊ သူနာပြု ၁၄၂ ဦး၊ ပေါင်း ၁၉၀ ဦးနဲ့ ဆောင်ရွက်သွားမယ်” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဆေးနဲ့ ဆေးပစ္စည်းတွေအကူအညီပေးဖို့အတွက်လည်း ဆေးဝါး ၅၈ မျိုးကို တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက်မှာရှိတဲ့ ကု တင် ၃၀၀ နဲ့အထက် ဆေးရုံတွေကို ဖြန့်ဝေပေးပြီးဖြစ်သလို ဆေးရုံးသုံး ကာကွယ်ရေးပစ္စည်း ၄ မျိုးကိုလည်း ဆေးရုံ ၆၈ ရုံကို ထုတ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံလိုလာရင် တပ်မတော်ဆေးရုံတွေကို ထုတ်ပေးနိုင်ရေးအတွက် အမှတ်(၁) အခြေချဆေးသိုလှောင်ရေးတပ်မှာ အရန်သိုလှောင်ထားတယ်လို့ ပြောပါတယ်။

ရောဂါရှာဖွေစမ်းသပ်တာမှာလည်း တပ်မတော်ဆေးသုတေသနတပ်မှာရှိတဲ့ မော်လီကျုးဇီဝဗေဒနည်းပညာသုံး စစ်ဆေးဖို့ အတွက် ဓာတ်ခွဲစမ်းသပ်ပစ္စည်းတွေ ဆောင်ရွက်ထားပြီးဖြစ်တယ်။ သူ့ကို ရည်ညွန်းဓာတ်ခွဲရုံအဖြစ် အသုံးပြုမှာဖြစ်ပြီး ထပ်မံလိုအပ်လာရင် ဇီဝလုံခြုံရေးအဆင့် ၃ ဓာတ်ခွဲခန်းကိုလည်း အသင့်ပြင်ဆင်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013