DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန်  ဖားကန့်မြို့နယ်တွင် PPE ဝတ်စုံ ၁၀၀၀ ဝယ်ယူပြင်ဆင်ထား
DVB
·
March 23, 2020
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန်  ဖားကန့်မြို့နယ်တွင် PPE ဝတ်စုံ ၁၀၀၀ ဝယ်ယူပြင်ဆင်ထား
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက်  ရောဂါကာကွယ်ရေးဝတ်စုံဖြစ်တဲ့ PPE ဝတ်စုံ ၁၀၀၀ ဝယ်ယူထားတယ်လို့ COVID– 19 ကြိုတင်ကာကွယ်မှုဆိုင်ရာ ပံ့ပိုးကူညီရေး ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။ 

ဖားကန့်လုံးခင်းမြို့၊ ငှက်ပျောတောရပ်ကွက်ရှိ အလင်းတန်းစာကြည့်တိုက်နဲ့ လူငယ်စင်တာမှာ မတ်လ ၂၂ ရက်က ကျင်းပတဲ့ COVID-19 ကြိုတင်ကာကွယ်မှုဆိုင်ရာပံ့ပိုးကူညီရေးအဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ ပြောသွားတာပါ။

အစိုးရသက်ဆိုင်ရာဌာနတွေအနေနဲ့လည်း ဖားကန့်မြို့နယ်အတွင်း COVID – 19 ကူးစက်ရောဂါကာကွယ်နိုင်ဖို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ပညာပေးလက်ကမ်း စာစောင်တွေ ဖြန့်ဝေတာ၊ အသိပညာပေးဆိုင်းဘုတ် စိုက်ထူတာတွေ ပြုလုပ်ပြီး ဖြစ်တယ်လို့ ဖားကန့်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က ပြောပါတယ်။

အခုကျင်းပတဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ COVID -19 ကြိုတင်ကာကွယ်မှု ဆိုင်ရာ ပံ့ပိုးမှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ချက် ၅ ချက်ကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။

အစည်းအဝေးကို ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဆရာဝန်တွေ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ကိုယ်ပိုင်နဲ့ ပြင်ပဆေးရုံ ဆေးခန်းတွေက ဆရာဝန်တွေ တက်ရောက်ပြီး သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် အကြုံပြုဆွေးနွေးခဲ့ကြပါတယ်။

သတင်း- ဇော်မိုးထက် ( ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013