DVB Logo
Home
မြန်မာသတင်း
မြဝတီနယ်စပ်မှ ရွှေ့ပြောင်းလုပ်သား အမြောက်အမြား ဝင်ရောက်၊ ဆေးစစ်ပြီး အချက်အလက်ရယူ
DVB
·
March 22, 2020
မြဝတီနယ်စပ်မှ ရွှေ့ပြောင်းလုပ်သား အမြောက်အမြား ဝင်ရောက်၊ ဆေးစစ်ပြီး အချက်အလက်ရယူ
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုနဲ့ အလုပ်သမားဗီဇာသက်တမ်း ကုန်ဆုံးတာကြောင့် မြဝတီဘက်ကို အခုရက်ပိုင်းအတွင်း တရက်လျှင် မြန်မာလုပ်သား ၁၀၀၀၀ လောက် နေရပ်ပြန်နေကြပြီး တာန်ရှိသူတွေက ကျန်းမာရေးစစ်ဆေးတာ အချက်အလက်ရယူတာတွေ လုပ်ဆောင်နေပါတယ်။

ကိုရိုနာဗိုင်းရပ် မဖြစ်ခင်က ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြဝတီမြို့ဘက်ကို တရက် လူ ၅၀၀ လောက် သွားလာတာတွေရှိပေမဲ့ မတ်လ ၂၁ ရက်နေ့ကစပြီး တရက်ကို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ၁ သောင်းလောက် ပြန်ဝင်လာနေကြတယ်လို့ သိရပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို စစ်ဆေးပေးနေတဲ့ ဒေါက်တာ စည်သူအောင်က “COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ ဝင်လာတဲ့ ကျနော်တို့ နိုင်ငံသားတွေရော၊ ထိုင်းနိုင်ငံသားတွေရော အဖျားတိုင်းတယ်၊ Decoration Form ဖြည့်ခိုင်းတယ်။ လိုချင်တဲ့ အဓိကအချက်အလက်တွေကတော့ သူတို့ရဲ့နာမည်၊ အသက်၊ မြန်မာပြည်ထဲမှာ သူတို့ ပြန်မယ့် နေရပ်လိပ်စာအတိအကျ၊ ဖုန်းနံပါတ် ဖြည့်ခိုင်းတယ်။ ဒီနေ့ကစပြီး ဖောင်ဖြည့်ခိုင်းပါပြီ” လို့ ပြောပါတယ်။

မြဝတီအခြေစိုက်အလုပ်သမားကူညီရေးအဖွဲ့တာဝန်ခံ (AAC) ကိုရဲမင်းက “အလုပ်သမားတွေ ပြန်ဖို့ တော်တော်အခက်အခဲဖြစ်သွားတယ်။ အလုပ်သမားတွေက ဒီနှစ်မှာ ၃ လပိုင်း ၃၁ ရက် ၂၀၂၀ မှာ ဗီဇာတွေ သေပြီ။ အဲဒီလူတွေလည်း အားလုံး မနေရဲတော့ဘူး။ အားလုံး ပြန်ကြတယ်။ မနေ့ကဆိုရင် ဗီဇာကုန်ပြီး အပြီးပြန်လာတဲ့သူတွေ တော်တော်များများရှိတယ်။ ၈၀ ရာခိုင်နှုန်းက ဗီဇာကုန်လို့ ပြန်လာတာ။ အခုလိုမျိုး ပိတ်လိုက်တော့ ထိုင်းဘက်ကို နေ့ချင်းပြန် လက်ခစား နေ့စား သွားလုပ်နေတဲ့ သောင်းနဲ့ချီအလုပ်သမားတွေ အားလုံး ဒုက္ခရောက်ကုန်မှာ။ တံတား ၁ ရော၊ ၂ ရော အလုပ်သမားတွေကို ကန့်သတ်ပြီး ပိတ်နေမယ်ဆိုရင် ကျန်းမာရေးအရ ဒီရောဂါကြောင့် ပိတ်သင့်တာကို လက်ခံတယ်။ ရေရှည်မှာတော့ ဒီထက်ပိုဆိုးတဲ့ အကျပ်အတည်းတွေ  ကြုံတွေ့လာနိုင်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

နယ်စပ်ကို မှီခိုလုပ်စားနေတဲ့ ကားသမားနေ့တွက်စားသူတွေအဖို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား ပိတ်လိုက်တဲ့နောက်မှာ မိသားစုဝင်ငွေတွေ အသုံးစရိတ်တွေ ထိခိုက်နေကြတယ်လို့ သိရပါတယ်။

မြန်မာထိုင်းချစ်ကြည်ရေးတံတား အမှတ်-၁ ကို မတ် ၂၁ ရက်မှာ စပိတ်လိုက်တဲ့အတွက် အမှတ်-၂ တံတားကို လူဝင်ထွက်ခွင့် အသုံးပြုလာပြီး ကျန်းမာရေးစစ်ဆေးမှုကတော့ တိုးချဲ့ထားပါ တယ်။ 

နေပြည်တော်၊ ကရင်၊ မွန်နဲ့တခြားပြည်နယ်က ဆရာဝန်တွေ လာရောက်ပြီး ကျန်းမာရေး စစ်ဆေးတာတွေ ဝိုင်းဝန်းလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013