DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် လူငယ်များလည်း သတိထားကြရန် WHO ပြော
DVB
·
March 21, 2020
Donate to DVB

အသက်ငယ်ရွယ်သူ လူငယ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပြီးနေတာမဟုတ်လို့ အသက်ကြီး သူတွေ၊ထိခိုက်လွယ်တဲ့ သူတွေနဲ့ ထိတွေ့ဆက်ဆံတာမျိုးတွေကို ရှောင်ကြဉ်ရမယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က မတ်လ ၂၀ ရက်မှာ  သတိပေးလိုက်ပါတယ်။ 

WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်ဂီဘရီရေးယပ်စ်က လူငယ်တွေက လူကြီးတွေ၊ အားနည်းထိခိုက်လွယ်တဲ့ သူတွေကို ဗိုင်းရပ်စ်ကူးစက်စေနိုင်တာကို လူငယ်တွေက တခြား တယောက်ရဲ့ ရှင်ခြင်းနဲ့ သေခြင်းကြားက ကွဲပြားခြားနားချက်ကို ဖန်တီးနိုင်တယ်လို့ ပြောပါတယ်။  

နိုင်ငံတော်တော်များများမှာ အသက်အရွယ်ကြီးတဲ့ လူနာတော်တော်များများ ဗိုင်းရပ်စ်ကြောင့် သေဆုံးရတာ များလာတာမို့ လူငယ်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ်ကျေနပ်ရောင့်ရဲမှုတွေ ဖြစ်လာတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ညွှန်ချုပ်ရဲ့ ဒီလိုသတိပေးမှုပေါ်ထွက်လာတာပါ။ 

တရုတ်မှာ စတင်ပျံ့နှံ့ခဲ့တဲ့ ဒီဗိုင်းရပ်စ်ကူးစက်မှုဟာ အခုဆိုရင် ဥရောပကို ဗဟိုပြုနေပါတယ်။ 

မတ်လ ၂၁ ရက်နေ့ ညနေပိုင်းရရှိတဲ့ အချက်အလက်တွေအရ အခုအခါ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူပေါင်းဟာ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှာ ၂၇၇,၃၂၄ ဦးရှိနေပြီး၊ သေဆုံးသူ ၁၁,၅၅၄ ဦး၊ ပြန်ကောင်းလာသူ ၉၂,၀၁၆ ဦး ရှိနေပြီလို့ worldometers ဝက်ဘ်ဆိုက်က ဖော်ပြ ထားပါတယ်။ 

အီတလီနိုင်ငံကတော့ အဆိုးဆုံးအခြေအနေဖြစ်နေပြီး မတ်လ ၂၀  တရက်တည်းမှာ ၆၂၇ ဦး သေဆုံးခဲ့တာကြောင့် ဒီနေ့ညနေပိုင်းအထိ ကူးစက်ခံရသူ ၄၇၀၂၁ ဦး၊ သေဆုံးသူ  ၄၀၃၂ ဦး ရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013