DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် နစ်နာမှုမရှိစေရန် ဒေသခံများ တောင်းဆို
DVB
·
March 21, 2020
Donate to DVB

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် မိရိုးဖလာ မြေယာအစာထိုးပေးဖို့နဲ့ လျော်ကြေးပေးဖို့အပါအဝင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။

ကျောက်ဖြူမြို့နယ် ကုလာဘာကျေးရွာမှာ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့  စီးပွားရေးဇုန်စီမံကိန်း အကောင်အထည့် မဖောင်ဆောင်ခင် ဒေသခံတွေက အခုလို သဘောထား ထုတ်ပြန်ခဲ့တာလို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့  ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။  

“ပထမကတော့ မြေလွတ်မြေရိုင်းတွေကို မိရိုးဖလာ ဒီမှာရှိနေတဲ့ မြေယာဓလေ့ထုံးတမ်း မြေယာခွဲဝေမှုပေါ့နော်၊ ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုကို ဥပဒေအရ အသိအမှတ်ပြုပေးစေချင်ကြတယ်။ နောက်တချက်ကတော့ ဒီရေလုပ်သားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပေါ့နော်၊ ရေလုပ်သားတွေက အခုဆို တော်တော်လည်း ပျက်စီးနေပြီ။ နောက်ထပ် ဒီရေနက်ဆိပ်ကမ်းကို တည်ဆောက်မယ် ဆိုလို့ရှိရင် ရေလုပ်ကွက်တွေ ထပ်ပြီး ပျက်သွားမှာကို စိုးရိမ်ကြတယ်၊ တကယ်လို့ ပျက်သွားတယ်ဆိုရင်တော့ သူတို့အတွက် အစားထိုးအလုပ်အကိုင်တွေ ဖန်တီးပေးဖို့အတွက် တောင်းဆိုကြတာမျိုးတွေရှိတယ်။”

စီမံကိန်းဖော်ဆောင်မယ့်နေရာမှ ဒေသခံ ဒေါ်ကြူကြူလွင် “တောင်းဆိုချင်တာကတော့ ပြည်သူလူထုအပေါ်မှာ ပွင့်လင်းမြင်သာမှုရှိစေချင်တယ်၊ နောက်ပြီးတော့ ပစ္စည်းတခုခုပါသွားပြီဆိုတာနဲ့ ကျမတို့က ဆုံးရှုံးမယ်၊ နစ်နာခံရမယ်၊ ခံစားချက်တွေကအများကြီးပေါ့။ ကျမတို့ရဲ့ လက်ရှိအနေအထားထက် မလျော့စေရဘူးပေါ့၊ ကိုယ့်ရဲ့ တန်ဖိုးအနေအထားကိုတော့ ရစေချင်တယ်၊ ၅၀ တန်တဲ့ဟာကို ၂၀ ပဲပေးမယ်ဆိုလိုတော့ ကျမတို့က မကျေနပ်နိုင်ဘူးပေါ့။ ကိုယ့်ရဲ့တန်ရာတန်ကြေး လျော်ကြေးအနေအထားကို ရစေချင်တယ်” လို့ ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားဇုန်စီမံကိန်းနဲ့ ပတ်သက်တဲ့ အဆိုပါလူထုတွေ့ဆုံပွဲကို ကျောက်ဖြူအထူးစီးပွါးရေးဇုန်စောင့်ကြည့်ရေးကော်မတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့၊ လှုမှုအဖွဲ့အစည်းတွေ။ ကျေးရွာ ၃၆ ရွာမှ ကျေးရွာကိုယ်စားလှယ်တွေ စုစုပေါင်း ၅၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။ 

ဒေသခံတွေက ကျောက်ဖြူအထူးစီးပွါးရေးဇုန် မတည်ဆောက်မီ ဒေသခံတွေရဲ့ မိရိုးဖလာမြေပိုင်ဆိုင်မှုကို မြေယာအစားထိုးလုပ်ဆောင်ပေးဖို့နဲ့ မြေယာလျော်ကြေးကို ဒေသခံတွေနဲ့ ညှိနှိုင်းမှုဆောင်ရွက်ပေးဖို့၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့၊ ဒေသခံတွေနဲ့ ရေလုပ်သားတွေအတွက် အလုပ်အကိုင်ဖန်တီးပေးဖို့၊ ဒေသခံတွေပိုင်ဆိုင်တဲ့ ဒီရေတောတွေနဲ့ တောင်ယာမြေတွေကို အစိုးရအနေနဲ့ ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုချက်တွေ မလုပ်ဆောင်မီအချိန် စီမံကိန်းတွေ ရပ်တန့်ထားပေးဖို့ စတဲ့အချက်တွေကို ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013