DVB Logo
Home
မြန်မာသတင်း
အာဆာအဖွဲ့ မီးရှို့ခဲ့သည့် နံသာတောင်ကျေးရွာကို ICRC အဖွဲ့ စားနပ်ရိက္ခာ ထောက်ပံ့
DVB
·
March 21, 2020
အာဆာအဖွဲ့ မီးရှို့ခဲ့သည့် နံသာတောင်ကျေးရွာကို ICRC အဖွဲ့ စားနပ်ရိက္ခာ ထောက်ပံ့
1 / 2
Donate to DVB

၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်အတွင်း အာဆာအဖွဲ့ရဲ့ မီးရှို့တာခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ ရခိုင်တိုင်းရင်းသားဒေသခံတွေ နေထိုင်တဲ့ နံသာတောင်ကျေးရွာရှိ မိသားစု ၄၁ စုကို ICRC က စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း MRCS တို့ ပူးပေါင်းပြီး မတ်လ ၁၉ ရက်နေ့က ရိက္ခာထောက်ပံ့ခဲ့တာလို့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ မောင်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲမှူး ဦးဝင်းနိုင်က ပြောကြားပါတယ်။

“ဒုက္ခအခက်အခဲဖြစ်နေကြတဲ့ ဒေသနေပြည်သူတွေ နေရပ်မစွန့်ခွာရန်၊ ဒေသမငြိမ်သက်မှုကြောင့် မိသားစုဘဝတွေ အဘက်ဘက်က ပျက်စီးယိုယွင်းနေသော အခြေအနေမှ ပြန်လည်ရပ်တည်နိုင်အောင်လို့ အခုလို သူတို့ရဲ့လိုအပ်နေတဲ့ အထောက်အပံ့တွေအဖြစ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။”

နံသာတောင်ကျေးရွာရှိ မိသားစု ၄၁ စု၊ လူဦးရေ ၂၀၅ ဦးအား ဆန်၊ ပဲ၊ ဆီ၊ သကြား၊ ဆား၊ လက်ဖက်ခြောက်၊ အာဟာရမုန့်၊ မိသားစုသန့်ရှင်းရေးပစ္စည်းတွေကို ၁ လစာစီ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

နံသာတောင်ကျေးရွာဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့ရဲ့ မီးရှို့ခံခဲ့ရပြီးနောက် ကျေးရွာသူ ရွာသားတွေဟာ မောင်တောမြို့ပေါ်နဲ့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေမှာ ယာယီ နေထိုင်ခဲ့ကြရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကတော့ အိန္ဒိယအစိုးရက ဆောက်လုပ်လှူဒါန်းပေးတဲ့ နေအိမ် ၄၂ အိမ်မှာ ပြန်လည်နေထိုင်နေကြတာပါ။



လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013