DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ပုဂ္ဂလိက စီးပွားဖြစ် ဝါး ၁၄၅ သိန်း ထုတ်လုပ်ခွင့်ပြုမည်
DVB
·
March 21, 2020
မကွေးတိုင်းတွင် ပုဂ္ဂလိက စီးပွားဖြစ် ဝါး ၁၄၅ သိန်း ထုတ်လုပ်ခွင့်ပြုမည်
1 / 2
Donate to DVB

မကွေးတိုင်းအတွင်း အခုနှစ်မှာ စီးပွားဖြစ် ဝါးအလုံးရေ ၁၄၅ သိန်း ထုတ်လုပ်ခွင့်ပေးသွားမယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးတင့်က အခုနှစ်မှာ ဝါးအလုံးရေ ၁၄၅ သိန်း ထုတ်လုပ်ခွင့်ပေးသွားမှာဖြစ်ပြီး သယ်ယူခွင့်အနေနဲ့ ဝါး အကြီး အသေးပေါ် မူတည်ပြီး ၁ လုံးကို ၅ ကျပ်ကနေ ၁၀၀ ထိ ကောက်ခံတယ်လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်း သရက်ခရိုင်မှာ ဝါးအများဆုံး ထုတ်လုပ်တာဖြစ်ပြီး ဝါးပြုန်းတီးမှု မရှိအောင် အလုံးရေ ၁ သိန်း ထုတ်လုပ်သူကို ၁ ဧက ပြန်လည်စိုက်ပျိုးခိုင်းသလို သစ်တောကြိုးဝိုင်းအတွင်းက ဝါးတွေကိုတော့ သုံးနှစ် တကြိမ် ထုတ်လုပ်ခွင့်ပေးထားပြီး ပုဂ္ဂလိက ဝါးစိုက်ခင်းတွေလည်း ချထားပေးပါတယ်လို့ ဆိုပါတယ်။



ပြီးခဲ့တဲ့နှစ်က ပုဂ္ဂလိက ဝါးလုပ်ငန်းရှင် ၁၆၇ ဦးကို ထုတ်လုပ်ခွင့်ပေးထားပြီး အခုနှစ်မှာတော့ လျှောက်ထားသူတွေကို စိစစ်ပြီး လုပ်ကိုင်ခွင့်ပေးသွားမယ်လို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောပါတယ်။

မင်းလှမြို့နယ်က ဝါးလုပ်ငန်းရှင် ကိုဘုန်းမြင့်ဇော်က “ပုဂ္ဂလိက ဝါးထုတ်လုပ်ခွင့်တွေ ချပေးတဲ့အတွက် ကျေးလက်နေပြည်သူတွေရဲ့ စားဝတ်နေရေးကို အထောက်အကူ ဖြစ်စေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဝါးတလုံးကို လုပ်အားခ ၁၆၀ ကျပ်နှုန်းနဲ့ ငှားရမ်းလုပ်ကိုင်ရပြီး ၃၅၀ ကျပ်လောက် ပြန်လည်ရောင်းချရတဲ့အတွက် ကားခတော့ ကျန်ပါတယ်” လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်း ပြီးခဲ့တဲ့နှစ်က ဝါးစိုက်ပျိုးဧက ၂၅၀ ကျော် အစားထိုး စိုက်ပျိုးနိုင်ခဲ့ပြီး ပြည်သူလူထုကို အခမဲ့ဖြန့်ဝေနိုင်ဖို့ ပျိုးပင်ပေါင်း ၃၅၀၀၀ လောက် ပျိုးထောင်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ မြို့ပြ/ကျေးလက်နေပြည်သူတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေဟာ အိမ်ဆောက်ပစ္စည်းနဲ့ အသုံးဆောင်တွေအတွက် ဝါးကို အဓိက အားထားမှီခိုနေရတာပါ။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013