DVB Logo
Home
မြန်မာသတင်း
COVID-19 ကြိုတင်ကာကွယ်ရေး ဖားကန့်တွင် စတင်လုပ်ဆောင်
DVB
·
March 20, 2020
COVID-19 ကြိုတင်ကာကွယ်ရေး ဖားကန့်တွင် စတင်လုပ်ဆောင်
Donate to DVB

ကမ္ဘာ့ကပ်ရောဂါ ကိုရိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး စစ်ဆေးတဲ့လုပ်ငန်းတွေကို ရက်ပိုင်း အတွင်းမှာ စတင်လုပ်ဆောင်တော့မယ်လို့ ဖားကန့်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ မင်းလွင်က ပြောပါတယ်။

မတ်လ ၁၉ ရက် မနက်က ဖားကန့်ပြည်သူ့ဆေးရုံမှာ ကျင်းပတဲ့ ပြည်သူ့ကျန်းမာရေးဌာနနဲ့ အရပ်ဘက် လူမှုကူညီရေးအသင်းတွေပါဝင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲက ဆုံးဖြတ်လိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ဖားကန့်ရတနာနယ်မြေကို ဝင်ရောက်လာရာ လမ်းကြောင်းတွေမှာ စောင့်ကြည့်စမ်းသပ်စစ်ဆေးမှုတွေကို လုပ်ဆောင်သွားဖို့လည်း အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဖားကန့်မြို့ကို ဝင်ရောက်လာတဲ့ လမ်းကြောင်းနှစ်ခုဖြစ်တဲ့ လုံးခင်းကျေးရွာအုပ်စု လယ်ပြင် ဂိတ်နဲ့ ဆိပ်မူကျေးရွာအုပ်စုက ဝေခါကျေးရွာ မဂါးပြင်ဂိတ်တွေမှာ ကိုယ်ပူချိန်တိုင်းတာခြင်း အပါအဝင် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အခြားကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်သွားမယ်လို့ မြို့နယ် ဆရာဝန်ကြီးက ဆိုပါတယ်။

အဆိုပါ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းတွေကို သက်ဆိုင်ရာအုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နဲ့ အရပ်ဘက် လူမှုကူညီရေး အသင်းတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖားကန့်မြို့နယ် ဆရာဝန်ကြီးက ပြောပါတယ်။

ဖားကန့်မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ၊ ကွန်ဖောင်ဒေးရှင်းရဲ့ CEO ဦးသန်းဇော်ကွန်းက "ကျနော်တို့ ပရဟိတအသင်းတွေအနေနဲ့ကတော့ လိုအပ်တဲ့နေရာတွေမှာ ပါဝင်ကူညီဖို့ အဆင်သင့်ဖြစ်အောင် အသင့်ပြင်ဆင်ထားပါတယ်။ မြို့နယ်ဆရာဝန်ကြီးရဲ့ လမ်းညွှန်မှုယူပြီး ပူးပေါင်းဆောင်ရွက် ပေးသွားမှာပါ"လို့ ပြောပါတယ်။

COVID-19 ရောဂါကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖားကန့်လုံးခင်း ရတနာနယ်မြေရှိ ကျောက်ဝိုင်းနဲ့ ကျောက်စိမ်းဈေးတန်းတွေကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။

သတင်း- ဇော်မိုးထက်(ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013