DVB Logo
Home
မြန်မာသတင်း
COVID-19 ရန်ပုံငွေ ကနဦးမတည်ငွေအဖြစ် ကျပ် ဘီလီယံ ၁၀၀ ဖြင့်စတင်ထူထောင် 
DVB
·
March 19, 2020
COVID-19 ရန်ပုံငွေ ကနဦးမတည်ငွေအဖြစ် ကျပ် ဘီလီယံ ၁၀၀ ဖြင့်စတင်ထူထောင် 
Donate to DVB

မြန်မာ့စီးပွားရေးဘဏ်မှာ ကနဦးမတည်ငွေ ကျပ်ငွေ ဘီလီယံ ၁၀၀ နဲ့ COVID-19 Fund ရန်ပုံငွေထူထောင်ထားတဲ့အကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက မတ်လ ၁၈ ရက်နေ့စွဲနဲ့  ကြေညာလိုက်ပါတယ်။ 

နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ  ကျပ် ၅၀ ဘီလီယံနဲ့ လူမူရေးရန်ပုံငွေမှ ၅၀ ဘီလီယံ စုစုပေါင်း ကျပ်ငွေ ဘီလီယံ ၁၀၀နဲ့ COVID-19 Fund စတင်ထူထောင်လိုက်တာဖြစ်ပါတယ်။

ဒီငွေတွေနဲ့ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားနေရတဲ့ မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေကို ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်း ချေးငွေကာလ ၁ နှစ် သတ်မှတ် ထုတ်ချေးမှာဖြစ်သလို ဝင်ငွေခွန်နဲ့ လစဉ်ပေးဆောင်ရ မယ့် ကုန်သွယ်လုပ်ငန်းခွန်တွေ ပေးဆောင်ရမယ့် အချိန်ကို ရွေ့ဆိုင်းပေးထားပါတယ်။

အလားတူ ပို့ကုန်လုပ်ငန်းတွေကနေ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလညး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပြုတဲ့ အကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013