DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရန် USAID က ဒေါ်လာ ‌၁ ဒသမ ၈ သန်း ကူညီ
DVB
·
March 19, 2020
မြန်မာနိုင်ငံတွင် COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရန် USAID က ဒေါ်လာ ‌၁ ဒသမ ၈ သန်း ကူညီ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအင်ဂျင်စီ (USAID)က  အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ကူညီထောက်ပံ့ထားတယ်လို့ ရန်ကုန်ရှိအမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ 

အဆိုပါအကူအညီထဲက ဒေါ်လာ ၇ သိန်းကို မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတွက် အသင့်ပြင်ဆင်နိုင်ရေးနဲ့တုံ့ပြန်ဆောင်ရွက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို ပေးအပ်ထားပြီး ဒေါ်လာ ၆ သိန်းကို မြန်မာနိုင်ငံတွင်း အချိန်နဲ့တပြေးညီ ကျန်းမာရေးဆိုင်ရာ အသိပညာဖြန့်နေပေးနိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကို ပေးအပ်ထားလို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် သတင်းစကားတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေဖြန့်ဝေဖို့အတွက်  ဒေါ်လာ ၅ သိန်းကိုလည်း USAID’s Breakthrough Action စီမံကိန်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Save the Children နဲ့ Johns Hopkins Center for communications programs တို့ကို ပေးအပ်တာဖြစ်တယ်လို့ ဖော်ပြပါတယ်။ 

ဒါ့အပြင် ရောဂါပိုးစောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနဲ့ မြန်မာကျန်းမာရေးဝန်ထမ်းတွေကို အသိပညာ‌ပေးခြင်းလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရာမှာ ရောဂါပိုးကို သေချာစွာ  သတိထားစောင့်ကြည့်နိုင်ရေးအတွက် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) မှာလည်း နည်းပညာအကူအညီတွေ ပေးအပ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

USAID မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံ ပံ့ပိုးပေးထားသော ရန်ပုံငွေတွေထဲကနေ  မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၇၀၀၀၀၀ ကိုလည်း ရယူ အသုံးပြုနိုင်ဖို့ အကြောင်းကြားစာရရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထာပါတယ်။

မတ်လ ၁၈ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ COVID-19 ရောဂါ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြင်ဆင်ဆောင်ရွက်မှု အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် GAVI- the Vaccine Alliance ရဲ့ Health system strengthening – 2 ရန်ပုံငွေမှ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းကိုလည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ကြောင်း အကြောင်းကြားလာတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရှိ ဆေးရုံတွေမှာ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ အမြန်ဆုံးဆန်းစစ်လုပ်ဆောင်ဖို့၊ နေရပ်စွန့်ခွာရသူတွေ ခေတ္တနေထိုင် ရာစခန်း (IDP Camp)တွေမှာ  ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်းဝန်ကြီးကတိုက်တွန်း ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013