DVB Logo
Home
မြန်မာသတင်း
COVID-19 ကာကွယ်ရန် ဘန်ကောက်ရှိ ရွှေ့ပြောင်းအလုပ်သမားဝန်ဆောင်မှုစင်တာများ ယာယီပိတ်
DVB
·
March 19, 2020
COVID-19 ကာကွယ်ရန် ဘန်ကောက်ရှိ ရွှေ့ပြောင်းအလုပ်သမားဝန်ဆောင်မှုစင်တာများ ယာယီပိတ်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တဲ့အနေနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ   ရွှေပြောင်းအလုပ်သမား အလုပ်သမားကတ်သက်တမ်းတိုးခြင်း၊ ပန်းရောင်ကတ်ထုတ်ပေးခြင်း စတဲ့ဝန်ဆောင်မှုပေးရာ OSS (One Stop Service Center)တွေကို ယာယီပိတ်ထားမယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ကြေညာပါတယ်။ 

COVID-19 ကူးစက်ခံထားရသူရဲ့ အသက်ရှူလမ်းကြောင်း၊ လေဝင်လေ ထွက်ကနေလည်းကောင်း၊ ထိတွေ့ရာတွေကနေလည်းကောင်း ကူးစက်တတ်ပြီး ထိုင်းအစိုးရက လည်း အန္တရာယ်ရှိ ကူးစက်ရောဂါအဖြစ် ကြေညာထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန အနေနဲ့ အလုပ်ရှင်၊ အလုပ်သမား၊ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး အပေါ်စိုးရိမ်ပြီး လူစုလူဝေးရောက်ရှိရာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားဝန်ဆောင်မှုစင်တာတွေကို ဒီကနေ့ မတ်လ ၁၉ ရက်နေ့ကစပြီး ယာယီပိတ်ထားမယ့်အကြောင်း ထိုင်းအလုပ်သမားဝန်ကြီးရဲ့ လက်ထောက်ဖြစ်သူ ဒေါက်တာ ဒုန်ရစ်ပြင်စထိကွန်း ချိုင်းရုန့်ရိန်းက ယမန်နေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အလုပ်သမားကတ်သက်တမ်းတိုးပေးတဲ့ အချိန်ကာလကိုတော့ နောက်ထပ် ၂ လ တိုးမြှင့်ပေး မှာဖြစ်ကြောင်း၊ ဒါပေမယ့်လည်း သက်ဆိုင်ရာ အလုပ်ရှင်တွေ/ကုမ္ပဏီတွေ အနေနဲ့  သက်တမ်း တိုးပေးဖို့ရှိတဲ့ မိမိတို့အလုပ်သမား အမည်စာရင်း ( Name List ) တွေကိုတော့ အခု မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းထားရမယ်လို့ ဆိုပါတယ်။

အဆိုပါ အမည်စာရင်းတွေကို အွန်လိုင်းတွေကနေသာ တင်သွင်းကြဖို့၊ အွန်လိုင်းသုံးဖို့ အဆင်မပြေမှ လူကိုယ်တိုင် အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှာ လာပေးဖို့၊ ဒါပေမယ့် မိမိ အလုပ်သမားတွေကို ခေါ်လာဖို့ မလိုအပ်သေးဘဲ သက်တမ်းလာတိုးရမယ့် ရက်ချိန်းကို  အလုပ်ရှင်ထံ ပြန်ပြီးဖုံးဆက်ပေးမယ်လို့ ဒေါက်တာ ဒုန်ရစ်က ဆက်ပြောပါတယ်။ 

ဘန်ကောက်မှာ ယာယီပိတ်ထားမယ့် OSS စင်တာတွေကတော့ အိုင်တီစကွဲယား ကုန်တိုက်ကြီး လပ်ဆီနယ်မြေ၊ ယူအမူလစ်ပလာဇာ ဖစ်ကဆိမ်လမ်း၊  နံပတ်ဝမ်းပလာဇာနဲ့ နောင်ကျောက်လမ်းဆုံလေဟာပြင်ဈေးစတဲ့ နေရာ ၄ ခုမှာ ဖွင့်လှစ်ထားတဲ့ စင်တာတွေ ဖြစ်ပါတယ်။ 

အဆိုပါ OSS စင်တာတွေကို ယာယီပိတ်ထားပေမယ့် ဗီဇာသက်တမ်းတိုးဖို့ကိစ္စ၊ ကျန်းမာရေးဆေးစစ်တဲ့ကိစ္စတွေကိုတော့ သက်ဆိုင်ရာ လဝကရုံးနဲ့ ဆေးရုံတွေမှာ ပုံမှန်သွားရောက်ဆောင်ရွက်နိုင်တယ်လို့ အလုပ်သမားဝန်ကြီးဌာန က ပြောပါတယ် ။ 

ဘန်ကောက်ရှိ OSS စင်တာ ၄ ခုကို ယာယီပိတ်ထားပေမယ့် ကျန်တဲ့ ခရိုင်က OSS စင်တာတွေ ပိတ်မပိတ်ဆိုတာတော့ သက်ဆိုင်ရာ ခရိုင်ဝန်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်တယ်လို့ သိရပါတယ်။ 

ကိုးကား- THAI MOL 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013