DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ပလက်ဝဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးလာ
DVB
·
March 17, 2020
တိုက်ပွဲကြောင့် ပလက်ဝဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးလာ
Donate to DVB

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ဘက်ကနေ ဆမီးမြို့ပေါ်ကို စစ်ဘေးရှောင်၂၀၀၀ ကျော် ထွက်ပြေးလာကြပါတယ်။

တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပလက်ဝမြို့နယ်အောက်ပိုင်း မိတ်စာဝ၊ ဝက်မ၊ ပြိုင်းတင်းစတဲ့ ကျေးရွာအသီးသီးကနေ့ ဆမီးမြို့ကို စစ်ဘေးရှောင် ၂၀၀၀ ကျော်ထွက်ပြေးလာကြတယ်လို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညအထိဆိုရင် ၁၄၀၀ ကနေ ၁၅၀၀ အထိရှိတာပေါ့နော်။ ဒီကနေ့မနက်ပိုင်းအထိ တဖွဲ့ဖွဲ့လာနေကြတယ်။ ဒီနေကနေ့ နေ့လယ်ပိုင်းအထိ စာရင်းကတော့ စစ်ဘေးရှောင် ၂၀၀၀ ကျော်နေပြီးဗျ၊ မနေ့က ထွက်ပြေးလာ့တဲ့လူပေါင်း ၃၀၀ ကျော်လောက်ကိုတော့ ရပ်ကွက် ၃ ဘုးရာကျောင်းတွေနဲ့ လပ်တဲ့နေရာတွေမှာထားတယ်။ ကယ်ဆယ်ရေးပေးမယ်ဟာတွေနဲ့ ပတ်သက်လို့ ကော်မတီဖွဲ့ပြီတော့ လုပ်ဆောင်နေကြတာရှိတယ်။”

ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကိုတော့ ဆမီမြို့ပေါ်က အခြေခံကျောင်း၊ အိုးအိမ်၊ ထွေအုပ်ရုံး၊ ဆောက်လုပ်ရေးနဲ့ ဘာသာရေး အဆောက်အအုံတွေမှာနေရာချပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ပလက်ဝမြို့နယ်မှာ အခုရက်ပိုင်းတွေအတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၁ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်က “သေဆုံးတာကတော့ ၂၁ ဦးပါ၊ ထိခိုက်ဒဏ်ရာတာ ၂၈ ယောက်ရှိပါတယ်။ ၁၄ ရက်နေ့ကတုန်းက ၁၂ ဦး သေဆုံးခဲ့တာပေါ့။ ၁၅ ရက်ညနေပိုင်းမှာတော့ ဝက်မအုပ်စုမှာ ၈ ယောက် နေရာမှာပဲ သေတယ်။ ပြိုင်းတင်းကျေးရွာ ကျောင်းသူ ၁ ယောက်သေတယ်။ အားလုံးစုစုပေါင်း၂၁ ယောက်ပေါ့နော်သေဆုံးတာ။”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ထွက်ပြေးလာတာ တဖြည်းဖြည်းနဲ့ များပြား လာလို့ နေထိုင်စားသောက်ရေးအတွက် ကော်မတီတွေဖွဲ့ လုပ်ဆောင်နေပေမယ့် ဆန်ရိက္ခာတွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီတဲ့ ပရဟိတအဖွဲ့ကပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013