DVB Logo
Home
မြန်မာသတင်း
မလေးရှားရောက်မြန်မာများ ခေတ္တခဏပြန်ခြင်း ရှောင်ရှားရန် မြန်မာသံရုံးက ထုတ်ပြန်
DVB
·
March 17, 2020
မလေးရှားရောက်မြန်မာများ ခေတ္တခဏပြန်ခြင်း ရှောင်ရှားရန် မြန်မာသံရုံးက ထုတ်ပြန်
Donate to DVB

မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မသွားမဖြစ် အရေးကြီးခရီးသွားရောက်ရမယ့် ကိစ္စကလွဲပြီး လောလောဆယ်အခြေအနေမှာ တနိုင်ငံနဲ့နိုင်ငံ ကူးလူးသွားလာမှုတွေ၊ မြန်မာနိုင်ငံကို ခေတ္တခဏပြန်တာတွေ ရှောင်ကြည်ကြဖို့ ကွာလာလမ်ပူ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုနဲ့ပတ်သက်ပြီး မလေးရှားအစိုးရက နိုင်ငံတဝန်းသွားလာမှု တွေကို မနက်ဖြန် မတ် ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ထိန်းချုပ်ကန့်သတ်မယ်လို့ ကြေညာပြီးနောက် မြန်မာသံရုံးက အခုလို ထုတ်ပြန်လိုက်တာပါ။

မလေးရှားအစိုးရအနေနဲ့ နိုင်ငံတဝန်းသွာလာမှုကို မတ်လ ၁၈ ရက်နေ ၃၁ ရက်နေ့ အထိ ထိန်းချုပ်ကန့်သတ်မှာဖြစ်ပြီး ပြည်သူလူထုတွေအတွက် အခြေခံလိုတဲ့ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းက လွဲပြီ အစိုးရရုံးဌာန၊ ပုဂ္ဂလိက လုပ်ငန်း၊ နိုင်ငံတဝန်း ဖွင့်လှစ်ထားတဲ့ကျောင်းတွေလည်း မနက်ဖြန် မတ်လ ၁၈ ရက်နေ့ကစပြီး ပိတ်သွားမှာဖြစ်ပါတယ်။ 

ဒါ့အပြင် မလေးရှားနိုင်ငံသားတွေကို ပြည်ပခရီးသွားမှုတာဖြစ်မှာဖြစ်ပြီး၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များဝင်ရောက်မှုကိုလည်း ခွင့်ပြုမှာမဟုတ်ကြောင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိ လာမယ့် နိုင်ငံသားတွေအနေနဲ့ ၁၄ ရက်ကြာ self quarantine ပြုလုပ်ရမယ်လို့ ကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

ဒါ့ကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တနိုင်ငံနဲ့တနိုင်ငံ ကူးလူးသွားလာမှု တွေ၊ မြန်မာနိုင်ငံကို ခေတ္တပြန်တာတွေကို ရှောင်ကြည်ကြဖို့ ထုတ်ပြန်တာလည်းဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (pandemic) အဖြစ် WHO က မတ်လ ၁၁ ရက်နေ့က သတ်မှတ်ကြေညာခဲ့ပါတယ်။ 

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတရုံးကလည်း မတ် ၁၃ ရက်နေ့မှာ ပြည်သူသို့ပြန်ကြားချက် ထုတ်ပြန်ပြီး ပြည်သူတွေအနေနဲ့ လူစုလူဝေဖြင့်ကျင်းပတဲ့အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပတာတွေကို ဧပြီလ ၃၀ ရက်နေ့အထိ မပြုလုပ်ဖို့ ပန်ကြားထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မလေးရှားရောက်မြန်မာများ ခေတ္တခဏပြန်ခြင်း ရှောင်ရှားရန် မြန်မာသံရုံးက ထုတ်ပြန်