DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ကျန်းမာရေးကို ဧရာဝတီတိုင်းအစိုးရက သိန်း ၁၀၀၀ ထောက်ပံ့ပေးထားမည်
DVB
·
March 17, 2020
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ကျန်းမာရေးကို ဧရာဝတီတိုင်းအစိုးရက သိန်း ၁၀၀၀ ထောက်ပံ့ပေးထားမည်
Donate to DVB

ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့အတွက် ဧရာဝတီတိုင်းအစိုးရက ကျန်းမာရေးဦးစီးဌာနကို ကျပ်သိန်း ၁၀၀၀ ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ 

ဧရာဝတီတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “တိုင်းဒေသကြီး အစိုးရအနေနဲ့ ရောဂါမကျရောက်အောင် မဖြစ်မနေကာကွယ်ရမယ့် တာဝန်အရ အစိုးရကနေ ရန်ပုံငွေ သိန်း ၁၀၀၀ ကျန်းမာရေးဌာနကို လွှဲပြောင်းပေးမယ်။ ကျန်းမာရေးဌာနက အလှူခံရတာ ဖြစ်ဖြစ်၊ ပြည်ထောင်စုက ပံ့ပိုးတာတို့ ရလာရင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေကိုပြန်ပေးပေါ့၊ ရောဂါကာကွယ်ဖို့လိုအပ်တဲ့ အထောက်အကူ ပစ္စည်းများ အဆင့်သင့်ဖြစ်ဖို့ကတော့ သိန်း ၁၀၀၀ ထောက်ပံ့ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရ COVID-19 ကာကွယ်ရေးအစည်းအဝေးအတွင်း ဆုံးဖြတ်ခဲ့တာ” လို့ ပြောပါတယ်။

သံသယလူနာကို ကြည့်ရှူကုသတဲ့ ဆရာဝန်ကိုယ်တိုင်က ရောဂါပိုးကာကွယ်ရေးဝတ်စုံ ကုသရမှာဖြစ်ပါတယ်။ 

ဆရာဝန်က လူနာတယောက်ကို စမ်းသပ်ကုသပြုစုတာနဲ့ ရောဂါကာကွယ် ဝတ်စုံတစုံ အသုံးပြုရမှာဖြစ်ပြီး၊ လူနာကို စမ်းသပ်ကုသပြီးတာနဲ့ ရောဂါကာကွယ်ရေးဝတ်စုံကို ဖျက်ဆီးရမှာ ဖြစ်ကြောင်း ဝန်ကြီးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကုသဖို့အတွက် တိုင်းဒေသကြီးဆေးရုံ၊ ခရိုင်ဆေးရုံတွေမှာ စောင့်ကြည့်ကုသဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ COVID-19 ကာကွယ်ရေး အစည်းအဝေးကို ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013