Home
မြန်မာသတင်း
ပုသိမ် ရွှေပြည်သာစျေးအနီး မီးလောင်မှု ဆိုင်ခန်း ၆ ခန်း ဆုံးရှုံး
DVB
·
March 17, 2020
90235018_805961373221541_5263567431535689728_o
90145695_805960989888246_6717926809175851008_o
89920588_805961786554833_8993835614323343360_o
89791780_805961123221566_8307333831346618368_o
89780813_805961916554820_2174574815644483584_o
89765630_805961593221519_1176972711579090944_o
89512343_805961186554893_5775609567094243328_o
89437240_805960909888254_608924451588800512_o
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ရွှေပြည်သာစျေးအနီးမှာ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုမှာ လူနေဆိုင်ခန်း ၆ ခန်း ဆုံးရှုံးခဲ့တယ်လို့ စျေးအနီးအနား ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။ "ပေါက်ကွဲသံကြားရပြီး မီးခိုတွေ ထွက်လာလို့ အားလုံကြည့်ချိန်မှာ မီးလောင်တာစသိတယ်လို့ ပြောတယ်၊ လူအသေအပျောက်နဲ့ ဒဏ်ရာရတာမျိုးတော့ မရှိဘူး၊ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းကိုတော့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနက စစ်ဆေးနေပါတယ်" လို့ ပုသိမ်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ဒီဗွီဘီကို ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ရွှေပြည်သာစျေးနဲ့ ဆက်စပ်တည်ရှိနေတဲ့ လူနေဆိုင်ခန်း ၆ ဆိုင် လောက် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်ရာနေရာကို မီးသတ်ဦးစီးဌာနက မီးသတ်ကား ၇ စီး၊ မနောဖြူပရဟိတအသင်းမှ ရေသည်ယာဉ် ၁ စီး၊ ဘက်စုံပရဟိတ အဖွဲ့က ရေသယ်ယာဉ် ၁ စီး၊ တပ်မတော်က ရေသယ်ယာဉ် ၁ စီး မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ နီးပါနဲ့ ရဲတပ်ဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ပြည်သူတွေ ပူးပေါင်းမီးငြိမ်းသတ်ခဲ့တာလို့ စျေးသူ စျေးသားတွေက ပြောပါတယ်။ "မီးလောင်တာက ၁၂ နာရီ ၄၅ မိနစ်အချိန်လောက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မွန်းလွဲ ၃ နာရီအချိန်လောက်မှာ မီးကိုငြိမ်းသတ်နိုင်ခဲ့ကာ ကော်နဲ့ ပလတ်စတစ်ပစ္စည်း၊ ဆန်စက်အပို ပစ္စည်းနဲ့ စက်ပစ္စည်းအရောင်ဆိုင်အပါအဝင် ဆေးပစ္စည်းအရောင်ဆိုင်တွေ မီးလောင်ကျွမ်းခဲ့တာ" လို့ ပြောပါတယ်။ ဆိုင်ခန်း ၆ ခန်း မီးလောင်ခဲ့မှုနဲ့ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ စျေးဆိုင်နဲ့ လောင်ကျွမ်းရတဲ့အကြောင်းကို အသေးစိတ်စစ်ဆေးအရေးယူဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ပုသိမ်ခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024