DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်စခန်းကုန်း ၅ ခုကို တအာင်းတပ် ဝင်တိုက်
DVB
·
March 15, 2020
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသက ပြည်သူ့စစ်စခန်းကုန်း ၅ ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မတ်လ ၁၅ ရက်မနက်ပိုင်းမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

“ဒီနေ့မနက် ၄ နာရီလောက်က ကျနော်တို့ ဒေသမှာရှိတဲ့ ကျေးရွာလုံခြုံရေး ပြည်သူ့စစ်စခန်း တွေကို TNLA အဖွဲ့က ဝင်တိုက်ပါတယ်။ TNLA ဘက်က လက်နက်ကြီးတွေနဲ့ အရင်ပစ်လာပါ တယ်။ လက်နက်ကျည်တချို့ ရွာထဲကို ကျတယ်။ ကျေးရွာသားတွေ ထိပ်လန့်နေကြတယ်” လို့ ကျေးရွာသားတဦးက ပြောပါတယ်။

TNLA တအာင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်တဲ့ ဌာနေပြည်သူ့စစ်စခန်းတွေကတော့ ပန်းမောင်း (မန့်မိုင်)၊ တာကွမ့်၊ လီရှောမန်ပန်း ကျေးရွာ၊ ပန်းဆေး၊ ရှောက်ကုန်းကန် စခန်းတွေဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံအရာရှိ ဗိုလ်မှူးတာ အိုက်ကျော်ကို ဆက်သွယ်မေးမြန်းရမှာတော့ တိုက်ပွဲဖြစ်နေတာ ဟုတ်မှန်ကြောင်း ပြောပါတယ်။

“ဒီကနေ့ မနက် ၆ နာရီလောက်က ပန်းဆေးပြည်သူ့စစ်ဒေသသပေါ့နော့် ပန်းဆေး၊ တာကွမ့်၊ ပန်ဆိုင်း၊ မန်မိုင်ကျေးရွာနားမှာပေါ့နော့်၊ ကျနော်တို့ဘက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း တွေ သွားလုပ်တဲ့အချိန် ပန်းဆေးနဲ့ စ.က.ခ (၇) လက်အောက်ခံ ခ.လ.ရ (၁၀၂) က ကျနော်တို့ တပ်ဖွဲ့ကို အရင်ပစ်ခတ်တော့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲ စဖြစ်တယ်။ တိုက်ပွဲကတော့ အခုထိ ကြိုးကြား ကြိုးကြား ဖြစ်နေတုန်းရှိသေးတယ်။” 

ဒီကနေ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၈၀၀ ကျော် ပိတ်မိနေပြီး စိုးရိမ်ထိတ်လန့်စိတ်တွေ လည်း ဖြစ်ပေါ်နေပါတယ်။ 

၂၀၁၂ ခုနှစ်ကစပြီး နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသမှာ TNLA တအာင်းတပ်ဖွဲ့နဲ့ ပန်းဆေးပြည်သူ့(ဌာနေ)တပ်ဖွဲ့တွေကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013