DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ် ထူးခြားဖြစ်စဉ် ထိမ်ချန်ပါက အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော
DVB
·
March 15, 2020
ကိုရိုနာဗိုင်းရပ်စ် ထူးခြားဖြစ်စဉ် ထိမ်ချန်ပါက အုပ်ချုပ်ရေးမှူးများကို အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထူးခြားဖြစ်စဉ်ကို သတင်းပို့ဖို့ ပျက်ကွက်ပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေမှူးတွေကို အရေးယူသွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ 

မတ် ၁၄ ရက်နေ့က မွန်ပြည်နယ် အစိုးရရုံးမှာ ပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပြည်နယ်အဆင့် အရေးအပေါ် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုခဲ့တာပါ။ 

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ထိမ်ချန်ထားတာ တစုံတခုရှိရင် အရေးယူမယ်လို့ ပြောထားတယ်။ ပို့စာနဲ့အတူ တပြိုင်တည်းပို့ထားပြီးပြီ။ ချက်ချင်း သတင်းပို့ပါ။ ထိမ်ချန်ထားတဲ့ တစုံတရာကို စုံစမ်းသိရှိရင် အုပ်ချုပ်ရေးမှူးတွေ အကုန်လုံးကို ချက်ချင်းအရေးယူမယ်လို့ ကျနော်တို့ စာပို့ထားပါတယ်။ သတိပေးထားပါတယ်။”

ဒီရောဂါနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်မှာတော့ စောင့်ကြည့်တာတွေ လုပ်ဆောင်နေတဲ့ အပြင် သံသယလူနာတွေကို ကုသပေးဖို့ သီးခြားစောင့်ကြည့် ကုသခန်းတွေကို မော်လမြိုင် ခုတင် ၅၀၀ ဆေးရုံမှာ တည်ဆောက်ထားပါတယ်။ 

ဒါကြောင့် ဒီရောဂါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ရပ်ရွာအတွင်း ဖျားနာတာတွေ ဖြစ်တာနဲ့ ချက်ချင်း သတင်းပို့ဖို့ ညွှန်ကြားထားတာပါ။ 

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတ် ၁၄ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁၁၆ ဦးမှာ ရောဂါပိုးမတွေ့ဘဲ ၄ ဦးရဲ့ ဓာတ်ခွဲနမူနာကိုတော့ ပေးပို့ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦးမှာလည်း ရောဂါပိုး မတွေ့ရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၆၅၃၆ ယောက်၊ သေဆုံးသူ ၅၈၃၅ ယောက်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၇၅၉၂၂ ယောက် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013