DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ထပ်မံခွင့်ပြု 
DVB
·
March 14, 2020
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ရင်းနှီးမြုပ်နှံမှု ၂ ခုအား တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီက အတည်ပြုမိန့်ထုတ်ပေးလိုက်တယ်လို့ တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးသက်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။

Myanmar Rice Trading Co.Ltd က ဆန်စပါးစိုက်ပျိုးထုတ်လုပ်တာနဲ့ ကြိတ်ခွဲရောင်းချတဲ့ အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း၊ Aung Shwe Thee Construction Co.Ltd က CMP စနစ်နဲ့ အထည်ချုပ်လုပ်ခြင်းလုပ်ငန်းတို့အား မတ်လ ၁၀ ရက်နေ့က အတည်ပြုမိန့်ထုတ်ပေးခဲ့တာပါ။

“မြို့ ၄ မြို့နယ်မှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုကို မျိုးစပါးတွေချပေးမယ်၊ လိုအပ်တဲ့ဓာတ်မြေသြဇာ ပိုးသတ်ဆေးတွေပေးမယ်၊ ထွက်ရှိလာတဲ့စပါးကို ကာလပေါက်စျေးထက် ငါးသောင်းပိုပေးပြီး ပြန်ဝယ်မယ့် လုန်းမျိုးပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ပိုင်က ပြောပါတယ်။

ခွင့်ပြုလိုက်တဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲရောင်းချခြင်း အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းဟာ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဖျာပုံနဲ့ ဘိုကလေးမြို့နယ်တွေမှာ ဧက ၉၇၀၀ လုပ်ကိုင်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမဏ ကျပ်သန်း ၆၀၀၀ လို့ သိရပါတယ်။

ညောင်းတုန်မြို့နယ်မှာ အတည်ပြုမိန့်ပေးခဲ့တဲ့ အထည်ချုပ်လုပ်ငန်းကတော့ ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၅၇၉၅.၇၅၇ ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၉၉၇ ယောက်ကို ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နံမှုကော်မတီက ဧရာဝတီတိုင်းဒေသကြီးမှာ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု  ၁၅ ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၃၁ ခု အားလုံးပေါင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၄၆ ခုကို အတည်ပြုမိန့်ပေးထားတယ်လို့ သိရပါတယ်။

အများဆုံး ရင်းနှီးမြှုပ်နှံထားတာက စက်မှုကဏ္ဍနဲ့ ဒုတိယအများဆုံးက ဟိုတယ်ခရီးလုပ်ငန်းဖြစ်ပြီး စက်မှုဇုန်တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ လျှပ်စစ်နဲ့ အခြားလုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

 စည်သူမောင်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013