DVB Logo
Home
မြန်မာသတင်း
ဘဏ်တိုးနှုန်းများ လျှော့ချမှု နှစ်ပတ်စော စတင်ရန် ဘဏ်အားလုံးကို အကြောင်းကြား
DVB
·
March 14, 2020
ဘဏ်တိုးနှုန်းများ လျှော့ချမှု နှစ်ပတ်စော စတင်ရန် ဘဏ်အားလုံးကို အကြောင်းကြား
Donate to DVB

ဘဏ်တိုးနှုန်းတွေ လျှော့ချတာကို မူလသတ်မှတ်တာထက် ၂ ပတ်စောပြီး စတင်ဖို့အတွက် ဘဏ်တွေ အားလုံးကို ဗဟိုဘဏ်က အကြောင်းကြားလိုက်ပါတယ်။

ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းကနေ ၉ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချလိုက်ပြီး အပ်ငွေနဲ့ ချေးငွေအပေါ် အတိုးနှုန်း သတ်မှတ်ချက်တွေကို ဧပြီ ၁ ရက်ကစတင် အကျိုးသက်ရောက်စေမယ်လို့ မတ် ၁၂ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီး မြန်မြန်ဆန်ဆန် သက်ရောက်စေဖို့အတွက် လာမယ့် မတ် ၁၆ ရက် တနင်္လာနေ့က စတင်တော့မယ်လို့ မတ် ၁၃ ရက်မှာ ပြင်ဆင်သတ်မှတ်လိုက်တာပါ။

အဲဒီညွှန်ကြားချက်တွေအရ ငွေစုစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နဲ့ အချိန်စေ့မှပေးရမယ့် အပ်ငွေတို့အပေါ် အနည်းဆုံးအတိုးနှုန်းဟာ ဗဟိုဘဏ် အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း - ၂ ရာခိုင်နှုန်း= ၇ ဒသမ ၅ ရာခိုင်နှုန်း) ထက် မနည်းရမှာ ဖြစ်ပါတယ်။

အာမခံပစ္စည်းတွေအဖြစ် မြေ၊ အဆောက်အအုံ၊ ရွှေ-ရွှေထည်ပစ္စည်း၊ စိန်နဲ့ အဖိုးတန် ကျောက်မျက် ရတနာတွေ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင် လုပ်နိုင်တဲ့ ငွေချေးသက်သေခံလက်မှတ်တွေနဲ့ လွှဲပြောင်းနိုင်တဲ့ စာချုပ်စာတမ်းတွေ၊ လက်ရောက် အပေါင် (Pledge)၊ ချေးငွေအာမခံ (Credit Guarantee) နဲ့ ထုတ်ချေးတဲ့ ချေးငွေတွေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အခါအားလျော်စွာသတ်မှတ်တဲ့ အာမခံပစ္စည်း စတာတွေကို အခြေပြုပြီး ထုတ်ချေးတဲ့ ချေးငွေတွေအပေါ်မှာတော့ ဗဟိုဘဏ် အတိုးနှုန်းအထက် ၃ ရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း+၃ ရာခိုင်နှုန်း = ၁၂ ဒသမ ၅ ရာခိုင်နှုန်း) ထက် အတိုးပိုမယူဖို့ သတ်မှတ်ထားပါတယ်။

အဲဒီပစ္စည်းတွေကလွဲပြီး တခြား အားမခံပစ္စည်းယူထားပြီးတော့ ဖြစ်ဖြစ်၊ မယူဘဲဖြစ်ဖြစ် ချေးထားတဲ့ ငွေတွေအပေါ်မှာတော့ အများဆုံးအတိုးအဖြစ် ဗဟိုဘဏ် အတိုးနှုန်းအထက် ၆ ရာခိုင်နှုန်း (၉ ဒသမ ၅ ရာခိုင်နှုန်း+၆ ရာခိုင်နှုန်း= ၁၅ ဒသမ ၅ ရာခိုင်နှုန်း) လို့ သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013