DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် အခြေခံစျေးနှုန်း ကျပ် ၅ သိန်းဖြင့် မိုးစပါးဝယ်ယူ
DVB
·
March 13, 2020
ဧရာဝတီတိုင်းတွင် အခြေခံစျေးနှုန်း ကျပ် ၅ သိန်းဖြင့် မိုးစပါးဝယ်ယူ
Donate to DVB

ဧရာဝတီတိုင်း ၆ မြို့နယ်မှာ  မိုးစပါးတင်းပေါင်း ၆၇၂၅၀၀ ကို တင်ဒါအောင်မြင်သူ ၁၈ ဦးက အခြေခံစျေးနှုန်း တင်း၁၀၀ လျှင် ကျပ်  ၅ သိန်းနှုန်းဖြင့် ဝယ်ယူနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်က ပြောပါတယ်။

နိုင်ငံတော်မှ ငွေကျပ် ၃ ဒသမ ၃ ဘီလီယံနဲ့ဝယ်ယူတာဖြစ်ပြီး စပါးတွေကို ဆန်ကြိတ်ခွဲကာ စပါးတင်း ၁၀၀ကို ၂၄ အိတ်နှုန်းနဲ့ ဆန်အိတ်ပေါင်း ၁၆၀၀၀ကျော်ကို အပ်နှံရမှာဖြစ်ပါတယ်။

မတ်လ ၁၁ ရက်အထိ ကြိတ်ခွဲထားပြီး အပ်နှံထားတဲ့ ဆန်အိတ်ပေါင်း ၄၂၆၂အိတ်ကို ရွှေပြည်သာမြို့နယ်ရှိ ဂိုဒေါင်သို့တင်ဒါအောင်မြင်သူတွေက သွားရောက်အပ်နှံထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

စားသုံးရေးရာဦးစီးဌာနက တိုင်းဦးစီးမှူးဦးစိုးအောင်က  “နိုင်ငံတော်က ကျပ် ၅ ဘီလီယံ၊ အဓိက တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးအရ အခြေခံစျေးနှုန်းထက်ကျရင်ဝယ်မယ်ဆိုပြီး အဲဒီအချိန်ကာလ အခြေခံစျေးနှုန်း ထက်ကျပါတယ်” လို့ ပြောပါတယ်။

သီးနှံဝယ်ယူရေးအရေးပေါ်ရန်ပုံငွေ နှစ်တိုင်းထားသင့်တဲ့အကြောင်းနဲ့  အရေးပေါ် အခြေအနေမှာ သုံးစွဲနိုင်ကြောင်း ဝယ်ယူရေးနဲ့ပတ်သက်ပြီး အဖွဲ့အဆင့်ဆင့် အဆင့်သင့်ဖွဲ့ပြီးသား ရှိရမယ်လို့ စပါးဝယ်ယူရေးနဲ့ပတ်သက်ပြီး မုတ်သုံကျေးလက်ဖွံဖြိုးရေးအသင်းမှ  ဒေါက်တာသောင်းထွန်းက ပြောပါတယ်။

“တောင်သူအပေါ်မှာ စေတနာထားတဲ့ နိုင်ငံရေးအရ လုပ်ရပ်က မှန်တယ်။ လုပ်သင့်တယ်။ လုပ်လည်း လုပ်ခဲ့တယ်။ သို့သော် နောက်ကျတာရှိတယ်”

အခုဝယ်ယူကြိတ်ခွဲထားတဲ့ ဆန်တွေကို ပြည်ပတင်ပို့သူတွေထံ ရောင်းချပြီး ရန်ပုံငွေတွေကို နှစ်စဉ်မိုးစပါး၊ နွေစပါး ဝယ်‌ယူရေးလုပ်ဆောင်သွားမှာဖြစ်ကာ အခုအချိန်အထိ နွေစပါး အခြေခံစျေးနှုန်းအထက်တွင်ရှိတဲ့အတွက် နွေစပါး မဝယ်ယူဘူးလို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ စပါးစျေး တင်း ၁၀၀ ကို ကျပ် ၅ သိန်းနဲ့ မအူပင်၊ ကျုံပျော်၊ ရေကြည်၊ လေးမျက်နှာနဲ့ ဇလွန်မြို့နယ်တွေမှာ ဝယ်ယူနေကြောင်း သတ်မှတ်ထားတဲ့ မြို့နယ် ၉ မြို့နယ်ရှိပြီး ၆ မြို့နယ်သာ တင်ဒါလာစွဲခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013