DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းကျောင်းသူကျောင်းသား ၂၃၀ ခန့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေ   
DVB
·
March 13, 2020
မသန်စွမ်းကျောင်းသူကျောင်းသား ၂၃၀ ခန့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေ   
Donate to DVB

လက်ရှိ ကျင်းပနေတဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်   တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မသန်စွမ်းကျောင်းသား၊ကျောင်းသူပေါင်း ၂၃၀ နီးပါး ဝင်ရောက်ဖြေဆိုနေကြပါတယ်။ 

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်ကနေ စတင်ကျင်းပလာတာဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ ဒီကနေ့မှာတော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ် ၃ ခုကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာ စစ်ဆေးပြီးဖြစ်တဲ့ ဘာသာရပ်(၃)ခုလုံးကို အခက်အခဲမရှိ ဖြေဆိုနိုင်တယ်လို့ မသန်စွမ်း ကျောင်းသား၊ကျောင်းသူတွေကပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုနေတဲ့ မသန်စွမ်းကျောင်းသားတွေကို ပုံမှန်စာမေးပွဲ ဖြေဆိုချိန် ၃ နာရီထက် အချိန်ပိုနာရီဝက်ပိုပြီးဖြေဆိုခွင့်ပြုထားသလို အဲဒီကျောင်းသားတွေအတွက် သီးသန့်စာမေးပွဲဖြေဆိုခန်းတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။ 

အကြားအာရုံမသန်စွမ်းတဲ့ ကျောင်းသားတွေအတွက် စာမေးပွဲမေးခွန်းကို Sign Language ဘာသာရပ်နဲ့ ၁၅ မိနစ်ရှင်းပြပေးပါတယ်။ အမြင်အာရုံမသန်စွမ်းသူတွေနဲ့ ကိုယ်တိုင်စာရေးဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားတွေကို အကူစာမေးပွဲဖြေဆိုသူနဲ့ အတူ ဖြေဆိုခွင့်ပေးထားပါတယ်။

ဒီနှစ်မှာကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးက ကိုယ်အင်္ဂါ မသန်စွမ်းသူ ၁၇၇ ဦး၊ အမြင်အာရုံမသန်စွမ်းသူ ၃၀ ဦးနဲ့ အကြားအာရုံမသန်စွမ်းသူ ၂၂ ဦး စုစုပေါင်း ၂၂၉ ဦး ဝင်ရောက်ဖြေဆိုနေတာဖြစ်ပါတယ်။ 

မတ်လ ၁၃ ရက်နေ့မှာ စစ်ဆေးခဲ့တဲ့ သင်္ချာဘာသာရပ်ဟာလည်း လွယ်ကူမှုရှိတဲ့အတွက် ကျောင်းသားအများစု ဖြေဆိုနိုင်ခဲ့ကြပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013