DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် တံတားပေါင်း ၃၀၀ ကျော် ဆောက်လုပ်မည် 
DVB
·
March 13, 2020
မကွေးတိုင်းတွင် တံတားပေါင်း ၃၀၀ ကျော် ဆောက်လုပ်မည် 
Donate to DVB

မကွေးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်ထဲမှာ တံတားပေါင်း ၃၀၀ ကျော် ယခုဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်သွားမယ်လို့ တိုင်းဒေသကြီး စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းထံကသိရပါတယ်။

“မကွေးတိုင်းဒေသကြီးအတွင်းက မြို့ပြလမ်းတွေကို တိုးတက်လာတဲ့ လူနေမှု စနစ်နဲ့ အညီ ပြုပြင်တိုးချဲ့ ဆောင်ရွက်တဲ့အပိုင်မှာ အရေးတကြီးလိုအပ်ချက်ရှိတဲ့ နေရာတွေမှာ ကွန်ကရစ်တံတား၊ သစ်သားတံတား၊ရေပြွန်တံတားနဲ့ ပြုပြင်ရန်လိုအပ်တဲ့ တံတားတွေကို တိုးချဲ့ပြုပြင်နေတာ” လို့ ပြောပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၉၀၀ ကျော်အသုံးပြုပြီး အရေးတကြီးလိုအပ်ချက်ရှိတဲ့ နေရာတွေမှာ တံတား ၃၀၅ စင်း ဆောင်ရွက်သွားမှာဖြစ်သလို မြို့ပြလမ်းတွေတိုးချဲ့ဖောက်လုပ်မယ်လို့လည်း သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကလည်း မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ကွန်ကရစ်တံတား၊ ရေပြွန်တံတားနဲ့ တံတားပြုပြင်မှု စုစုပေါင်း တံတား ၁၂၈ စင်းကို  ငွေကျပ် ၄၁၂ သန်း အသုံးပြုဆောင်ရွက်ခဲ့ပါတယ်။

သတင်း- ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013