DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အပါအဝင် လူစုလူဝေးဖြင့် ကျင်းပရသည့် အခမ်းအနား ပွဲလမ်းသဘင်များ နိုင်ငံတဝန်း ပိတ်ပင် 
DVB
·
March 13, 2020
သင်္ကြန်အပါအဝင် လူစုလူဝေးဖြင့် ကျင်းပရသည့် အခမ်းအနား ပွဲလမ်းသဘင်များ နိုင်ငံတဝန်း ပိတ်ပင် 
Donate to DVB

သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောင်လုပ်တာအပါအဝင် လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေကို  ဧပြီလ ၃၀ ရက်အထိ နိုင်ငံတဝန်းလုံးမှာ ကျင်းပခြင်းမပြုလုပ်ဖို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ မတ်လ ၁၃ ရက်မှာ ပြည်သူသို့ ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ  COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ လူစုလူဝေးများပြားတဲ့နေရာတွေမှာ လျှင်မြန်စွာ ကူးစက်နိုင်တဲ့အတွက်ပြည်သူလူထုအနေနဲ့ လူစုလူဝေးနဲ့ ကျင်းပရတဲ့ အခမ်းအနားတွေ ပွဲလမ်းသဘင်တွေကို မပြုလုပ်ဖို့  အစိုးရက ပန်ကြားလိုက်တာပါ။

လတ်တလော ပွဲလမ်းသဘင် အခမ်းအနားတွေ မကျင်းပဖို့ ရက်ပေါင်း ၅၀ နီးပါး ပိတ်ပင်ထားတာဖြစ်ပြီး လိုအပ်ပါက ရက်တိုးပြီး ထပ်မံတိုးမြှင့်သတ်မှတ်သွားမယ်လို့လည်း ဆိုပါတယ်။

ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောက်လန့်အောင် မမှန်သတင်းဖြန့်ဝေနေတဲ့ ကောလာဟလတွေကို မယုံကြည်ကြဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ပွားစေရေးအတွက် အစိုးရထုတ်ပြန်ထားတဲ့ သတိပေးနှိုးဆော်ချက်တွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့၊ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာကို အမြန်ဆုံးသတင်းပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

COVID-19 ရပ်စ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပြီးနောက် မြန်မာအစိုးရက Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ခေါင်းဆောင်ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာ မတွေ့ရသေးပေမယ့် ဇန်နဝါရီ ၃၀ ရက်ကနေ မတ်လ ၁၂ ရက်အထိ စောင့်ကြည့်လူနာနဲ့ သံသယလူနာ ၁၀၀ ကျော်လောက်ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013