DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့နယ်တွင် ဆီဘောက်ဆာကား မီးလောင်ပြီး ယာဉ်မောင်း ၁ ဦးသေဆုံး
DVB
·
March 13, 2020
အမရပူရမြို့နယ်တွင် ဆီဘောက်ဆာကား မီးလောင်ပြီး ယာဉ်မောင်း ၁ ဦးသေဆုံး
1 / 5
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ် စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်း၊ ကံဘဲ့ကျေးရွာ အေးချောလေး ကုမ္ပဏီဝင်းအတွင်းမှာ မတ်လ ၁၂ ရက် ညနေပိုင်းက ဆီဘောက်ဆာမီးလောင်လို့  ယာဉ်မောင်းအမျိုးသား ၁ ဦး သေဆုံးသွားပါတယ်။

အခုလို မီးလောင်မှုဖြစ်ပွားရာနေရာကို မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦ ခေါင်းဆောင်ပြီး အုပ်ချုပ်ရေးယာဉ် ၂ စီး၊ သန္ဓေ ၇၀ ဦး၊ အရံ ၃၀ ဦး၊ မီးသတ်ယာဉ် ၁၀ စီးနဲ့အတူ Level 1 အဖြစ်သတ်မှတ်မီးငြှိမ်းသတ်ခဲ့ပါတယ်။

ဆီဘောက်ဆာကား ယာဉ်မောင်းသူ စိုးသီဟကတော့  မီးလောင်ရာမှာ သေဆုံးခဲ့ပါတယ်။ အခုလိုမီးလောင်ခဲ့တာကြောင့် ဆီဂါလံ ၇၀၀ မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် ကျပ်သိန်း ၂၈ သိန်းဖိုးဆုံးရှုံးပြီး ယာဉ်မောင်းသူသေဆုံးခဲ့တာကြောင့် အေးချောလေးကုမ္ပဏီတာဝန်ခံ ဦးဖုန်းမြင့်ကြည်ကို အမရပူရမြို့နယ် မြစ်ငယ်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၂၈၅/၃၀၄ က အမှုရေးဖွင့်အရေးယူထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013