DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်အတွင်း နေအိမ် ၂၉ လုံးတွင် လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများဖမ်းမိ
DVB
·
March 13, 2020
ကွတ်ခိုင်မြို့နယ်အတွင်း နေအိမ် ၂၉ လုံးတွင် လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများဖမ်းမိ
1 / 3
Donate to DVB

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာရှိ နေအိမ် ၂၉ လုံးကနေ လက်နက်၊ ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ 

ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁၁ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လွယ်ခမ်ကျေးရွာရှိ အိမ်ခြေ ၃၃၃ လုံးအနက် နေအိမ် ၂၆၆ လုံးကို ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ် ၂၉ လုံးမှာ လက်နက်၊ ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၁၂ ရက်အထိ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၃၁၃၀၃၀၀၀ ပြား၊ ဘိန်းဖြူ ၂၅၈ ဒသမ ၇ ကီလို ၊ ICE ၄၄၀ ဒသမ ၅ ကီလို စတာတွေအပါအဝင် ခန့်မှန်း ငွေကျပ် ၂၈၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း ၁၉၃ မျိုး ကာလတန်ဖိုး ငွေကျပ် ၁ ဘီလီယံကျော်ဖိုး  စုစုပေါင်းငွေကျပ် ၂၈၈ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိထားတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013