DVB Logo
Home
မြန်မာသတင်း
ဒီကေဘီအေခွဲထွက် ဗိုလ်မှူးကြီး စောဆန်းအောင်နှင့်အဖွဲ့ဝင် ၁၃ ဦး အလင်းဝင်
DVB
·
March 13, 2020
ဒီကေဘီအေခွဲထွက် ဗိုလ်မှူးကြီး စောဆန်းအောင်နှင့်အဖွဲ့ဝင် ၁၃ ဦး အလင်းဝင်
1 / 2
Donate to DVB

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ခွဲထွက်အဖွဲ့က ဗိုလ်မှူးကြီး စောဆန်းအောင်အပါအဝင် ၁၃ ဦးဟာ  မတ်လ ၁၂ ရက် မွန်းလွဲပိုင်းက လက်နက်တွေနဲ့ အတူ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်ခဲ့ပါတယ်။

သူတို့ကို  ဒီကေဘီအေဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့တယ်လို့ ဒီကေဘီအေ ဘားအံဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောစိုးမိုးက ပြောပါတယ်။

“ သူတို့က ဥပဒေဘောင်အတွင်းဝင်တာ ၁၃ ယောက်။ လက်နက်အလက် ၂၀ နဲ့ ကျနော်တို့ဒီကေဘီအေဆီမှာပဲ။ ဗိုလ်ချုပ်ကြီး မိုရှေးကိုယ်တိုင်လက်ခံပြီးတော့ ကြိုဆိုပါတယ်ဗျာ။ ”

သူတို့ကို ကြိုဆိုတဲ့အခမ်းအနားမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ဗိုလ်ချုပ်ကြီးစောမိုရှေးနဲ့အတူ  အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမိုးအောင်တို့ တက်ရောက်ခဲ့ပါတယ်။

ဒီလိုဝင်ရောက်လာတာကို အများကြီးကြိုဆိုကြောင်းနဲ့ ဖွံ့ဖြိုးရေးအတွက် အတူတကွ လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်မှူးစောစိုးမိုးက ပြောပါတယ်။

“ကျနော်တို့ ပြန်လည်ပူးပေါင်းပြီးတော့ ကျနော်တို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်မယ်။ အဲဒါပါပဲ။ ”

ဥပဒေဘောင်အတွင်းဝင်ရောက်လာသူတွေထဲမှာ စောဆန်းအောင်နဲ့အရင် တွဲဘက်တွေဖြစ်တဲ့ ဗိုလ်ကျော်သက်နဲ့ ဗိုလ်ဘိတိုကတော့ ပါဝင်လာခြင်းမရှိသေးပါဘူး။ 

စောဆန်းအောင်နဲ့အဖွဲ့ဟာ  ၆၀ မမ တလက် ၊ အာပီဂျီ ၂ လက်၊ M79 တလက်၊ သေနတ်အရှည် ၁၄ လက်အပါအဝင် လက်နက်မျိုးစုံ   ၂၀ လက်၊ ကျည်မျိုးစုံ ၄၅၈ တောင့်၊ ဗုံးသီး ၁၉ လုံးတို့ကို တိုင်းမှူးနဲ့တာဝန်ရှိသူတွေထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။

အလားတူ တိုင်းမှူးကလည်း စောဆန်းအောင်နဲ့အဖွဲ့ကို အသုံးအဆောင်ပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေ ပြန်လည်ပေးအပ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013