DVB Logo
Home
မြန်မာသတင်း
COVID-19 ကပ်ရောဂါ တရုတ်ပြည်ပြင်ပ အခြေအနေ
DVB
·
March 12, 2020
COVID-19 ကပ်ရောဂါ တရုတ်ပြည်ပြင်ပ အခြေအနေ
1 / 2
Donate to DVB

COVID-19 ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွါးတဲ့ တရုတ်နိုင်ငံမှာ အခုဆိုရင် သေဆုံးနှုန်းနဲ့ ကူးစက်နှုန်း ကျဆင်းနေပေမယ့် တရုတ်နိုင်ငံပြင်ပမှာတော့ နှစ်ခုစလုံး မြင့်တက်နေပါတယ်။

ဥရောပတိုက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဒဏ် အဆိုးရွားဆုံးခံနေရတဲ့ အီတလီနိုင်ငံမှာ lockdown ပိတ်ဆို့ထိန်းချုပ်မှုကို တစ်နိုင်ငံလုံးအနှံ့ တိုးမြှင့် သတ်မှတ်တယ်လို့ ဝန်ကြီးချုပ် ဂျူဆပ်ပစ်-ကွန်တေက မတ်လ(၁၀) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ မတ်လ ၁၁ရက်နေ့ ထုတ်ပြန်ချက်အရ တရက်အတွင်း အတည်ပြုလူနာ (၂၃၁၃) ယောက်၊သေဆုံးမှု (၁၉၆) ယောက် ရှိခဲ့ပါတယ်။ အခုဆိုရင် အီတလီနိုင်ငံဟာ မတ်လ ၁၁ရက်နေ့ထိ အတည်ပြုလူနာ (၁၂,၄၆၂) ယောက်၊ သေဆုံးလူနာ (၈၂၇) ယောက်ရှိသွားပြီး တရုပ်ပြည် ပြင်ပ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွား၊ သေဆုံးသူ အများဆုံး နိုင်ငံဖြစ်လာပါတယ်။



တတိယ အများဆုံးကတော့ အရှေ့အလယ်ပိုင်းဒေသက အီရန် ဖြစ်ပြိး သေဆုံးသူ (၃၅၄) ဦး ရှိပြီး ကူးစက်ခံရသူကတော့ (၉ ,၀၀၀) ရှိပါတယ်။
COVID-19 ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မတ်လ (၁၁) ရက်ညပိုင်းမှာ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကြေညာထားပါတယ်။




ကမ္ဘာတဝှမ်းမှာ မတ်လ ၁၂ရက် မနက် (၁၀)နာရီ အချိန်ထိ သတင်းထုတ်ပြန်ချက်တွေအရ နိုင်ငံပေါင်း (၁၁၃) နိုင်ငံမှာ သေဆုံးမှု (၄,၆၂၂)၊ ကူးစက်ခံမှု (၁,၂၅,၈၄၅)နဲ့ ကုသပျောက်ကင်းမှု (၆၈,၂၁၆) ရှိနေကြောင်း အတည်ပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013