DVB Logo
Home
မြန်မာသတင်း
စစ်တွေရှိ စစ်ဘေးရှောင်စခန်း ၃ ခုကို  ပြည်နယ်ဝန်ကြီးချုပ်သွားရောက်ကူညီ
DVB
·
March 11, 2020
စစ်တွေရှိ စစ်ဘေးရှောင်စခန်း ၃ ခုကို  ပြည်နယ်ဝန်ကြီးချုပ်သွားရောက်ကူညီ
1 / 9
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းသုံးခုကို မတ်လ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့အဖွဲ့ သွားရောက်ပြီး စစ်ဘေးရှောင်တွေကို ကူညီပေးခဲ့ပါတယ်။ 

ဓညဝတီရပ်ကွက်ရှိ နန်းရွှေဂူစစ်ဘေးရှောင်စခန်း၊ အာကျိတ်တော်ကုန်းရှိ မဟာဇေယျသိဒ္ဓိ ပဋ္ဌာန်းကျောင်းနဲ့ လမ်းမတော်မြောက်ရှိ အမျိုးသားကျောင်းတိုက် မှာဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းကိုသွားရောက်ပြီး  ဒုက္ခသည်တွေကို တွေ့ဆုံခဲ့တာပါ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေက ကလေးကစားစရာတွေ၊ ဆန်နဲ့ မုန့်တွေ အပါအဝင် စားနပ်ရိက္ခာတချို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းအများစုကို လုံခြုံရေးအခြေအနေကြောင့် မသွားရောက်နိုင်ဘူးလို့ ပြောဆိုထားတဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ အစိုးရအဖွဲ့ရုံးစိုက်ရာမြို့တော်ရှိ စစ်ဘေးရှောင်စခန်းအများစုထဲက သုံးခုထဲသို့သာ သွားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ကြားနေ့စဉ်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်ဟာ တစ်သိန်းကျော်ရှိသွားပြီလို့ စစ်ဘေး ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

Photo - Kaung Mrat Naing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013