DVB Logo
Home
မြန်မာသတင်း
နယူးယောက်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် Proof of Life လှုပ်ရှားမှုနှင့် SCEF ထောက်ခံပွဲ ပြုလုပ်
သုတချမ်းသာ
·
May 3, 2026
နယူးယောက်တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် Proof of Life လှုပ်ရှားမှုနှင့် SCEF ထောက်ခံပွဲ ပြုလုပ်
1 / 13
Photo : KyawSoe Latt ၊ Sethu Win
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေကြောင်း ခိုင်လုံတဲ့အထောက်အထားပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို ထောက်ခံတဲ့လှုပ်ရှားမှုကို ဒေသစံတော်ချိန် မေ ၂ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြတာပါ။

ဒီလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှားရှိနေကြောင်း စစ်အာဏာရှင်အနေနဲ့ အထောက်အထားပြလာဖို့ နိုင်ငံတကာက ဖိအားပေး တောင်းဆိုတာတွေ ပြုလုပ်ပေးဖို့ အမေရိကန်ရောက် မြန်မာတွေက မေတ္တာရပ်ခံကြပါတယ်။ 

ဆန္ဒပြပွဲဦးဆောင်သူတယောက်က “ဒုတိယအချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ကို ကျနော်တို့ အပြည့်အဝထောက်ခံကြောင်း နိုင်ငံတကာက သိရှိစေချင်တာပါ။ နောက်ဆုံးတချက်ကတော့ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အာဏာသိမ်းအစိုးရကို လုံးဝလက်မခံကြောင်း ကမ္ဘာသိအောင် ဆန့်ကျင်ကန့်ကွက်တာပါ"လို့ ပြောပါတယ်။

နယူးယောက်မြို့ Foley Square မှာ New York City Burmese Community (NYCBC) က စီစဉ်ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကို နယူးယောက်ဒေသတွင်းနဲ့ အနီးဝန်းကျင်ပြည်နယ်တွေက တော်လှန်ရေးထောက်ခံသူ အများအပြား လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013