DVB Logo
Home
မြန်မာသတင်း
အမရပူရ၊ ရွာငံနှင့် မိုင်းဆတ်မြို့နယ်များတွင် ကျပ်သိန်း ၇ သောင်းတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 10, 2020
အမရပူရ၊ ရွာငံနှင့် မိုင်းဆတ်မြို့နယ်များတွင် ကျပ်သိန်း ၇ သောင်းတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

မန္တလေးတိုင်း အမရပူရမြို့နယ်၊ ရှမ်းပြည်နယ် ရွာငံမြို့နယ်နဲ့ မိုင်းဆတ်မြို့နယ်တွေမှာ ကျပ်သိန်း ၇၀၀၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အမရပူရမြို့နယ်မှာ ငွေကျပ် ၇၂၉၀ သိန်းတန်ဖိုး၊ ရွာငံမြို့နယ်မှာ ငွေကျပ် ၆၀၁၈၀ သိန်းတန်ဖိုးနဲ့ မိုင်းဆတ်မြို့နယ် နေရာအသီးသီးက ကျပ်သိန်း ၂၀၀၀ နီးပါး မူးယစ်ဆေးဝါးတွေကို မတ်လ ၅၊ ၇၊ ၈ ရက်နေ့တွေမှာ ဖမ်းဆီးရမိခဲ့တာပါ။

မတ်လ ၈ ရက်က အမရပူရမြို့နယ် မြစ်ငယ်-စစ်ကိုင်း သွားကားလမ်းပေါ် မြစ်ငယ်ဘက်မှ စစ်ကိုင်းဘက်သို့ ကိုမျိုး ၃၁ နှစ် စီးနင်းမောင်းနှင်လာတဲ့ကားကို ရပ်တန့်စစ်ဆေးရှာဖွေရာ သိုဝှက်သယ်ဆောင်လာတဲ့  ဘိန်းဖြူ အလေးချိန် ၉ ဒသမ ၉ ကီလို တန်ဖိုးငွေကျပ် ၆၉၃၀ သိန်းနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ပြား တန်ဖိုးငွေကျပ် ၃၆၀ သိန်းတို့ကို ဖမ်းမိပြီး မြစ်ငယ် နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့သိရပါတယ်။

အလားတူ မတ် ၈ ရက် တရက်ထဲမှာပဲ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ် ရွာငံ-ကျောက်ဆည် သွားကားလမ်းမှာ ရွာငံ ဘက်မှ ကျောက်ဆည်ဘက်သို့ မောင်မောင်လွင်(ခ)မြင့်ဇော်လွင် ၄၉ နှစ် မောင်းနှင်ပြီး စိုင်းစိန်ဝင်း (၄၂ နှစ်)နဲ့ စိုင်းဆန်ပေါင် (၄၂ နှစ်) ကားကို စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ် အံဝှက်ပြုလုပ်သိုဝှက်သယ်ဆောင်လာတဲ့ ICE အလေးချိန် ၂၁၇ ကီလို တန်ဖိုးငွေ ကျပ် ၄၃၄၀၀ သိန်း၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၈၀၀၀ ပြား တန်ဖိုးငွေကျပ် ၁၆၇၈၀ သိန်းနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၅ ရက်နေ့က ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ်  ကျေးရွာ အနီးရှိ ကမ်းပါးစောင်းမှာ မြေကျင်းတူးပြီး သိုဝှက်သိမ်းဆည်းထားတဲ့ စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀ ပြား တန်ဖိုးငွေ ကျပ် ၃၀ သိန်းကို တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

အလားတူ မတ်လ ၇ ရက်နေ့ကလည်း မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာ အုပ်စု၊ မယ်ကြုတ်(၃)ကျေးရွာအနီး  လျှိုအတွင်း ဆာလာအိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား တန်ဖိုးငွေကျပ် ၁၀၀ သိန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့ပြီးနောက် မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်းကျေးရွာအနီး တောင်ယာခင်းဟောင်းအတွင်း မြေကျင်းတူး သိုဝှက်သိမ်းဆည်းထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀၀ ပြား တန်ဖိုးငွေကျပ် ၂၂၀ သိန်း  တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

ဒါ့အပြင် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-မိုင်းတွမ်း သွား ကားလမ်းဘေး တောင်စောင်းမှာ မြေကျင်းတူး သိုဝှက်သိမ်းထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား တန်ဖိုးငွေကျပ် ၁၀၀၀ သိန်းနဲ့ ICE အလေးချိန် ၈ ကီလို တန်ဖိုးငွေကျပ် ၁၆၀၀ သိန်း ကို ရဲတပ်ဖွဲ့ဝင်တွေက တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့က မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်(၂)ကျေးရွာအနီး တောင်ယာသွားလမ်းဘေးမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀၀ ပြား တန်ဖိုးငွေကျပ် ၂၃ သိန်း  တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

မိုင်းဆတ်မြို့နယ်မှာ သိမ်းဆည်းရမိခဲ့တဲ့  မူးယစ်ဆေးတွေကို မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်သို့ လွှဲပြောင်းအပ်ပေးခဲ့ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေနဲ့ အမှုများရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ- CCDAC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013