DVB Logo
Home
မြန်မာသတင်း
မိုးကုတ် ကျောက်တွင်းပြိုကျမှု ကယ်ဆယ်ရေး ရပ်ဆိုင်း
DVB
·
March 10, 2020
မိုးကုတ် ကျောက်တွင်းပြိုကျမှု ကယ်ဆယ်ရေး ရပ်ဆိုင်း
1 / 5
Donate to DVB

ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့က ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းခွင်မှာ မြေပြိုကျပြီး ပိတ်မိနေသူ ၂ ဦးကို ရှာဖွေကယ်ဆယ်နေတဲ့ အစီအစဉ်ကို မတ်လ ၉ ရက်မွန်းလွဲပိုင်းက ရပ်ဆိုင်းလိုက်တယ်လို့ ‌သိရပါတယ်။

ငလျင်ကြောင့် မိုးကုတ်မြို့ရဲ့ အနောက်ဘက် ၇ မိုင်ခန့်အကွာ ပြောင်းပြင်ကျေးရွာအုပ်စု၊ မြေမဲကျေးရွာကျောက်စာတောင်မှာ မတ်လ ၇ ရက်မနက် ၁ဝနာရီခွဲလောက်က မြေသားနဲ့ ခဲလုံးတွေ ပြိုကျပြီး ကျောက်တွင်းဟောင်း ပိတ်ဆို့ခဲ့တာကြောင့် တွင်းလုပ်သား ၂ ဦးပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

မြေပေါ်ကယ်ဆယ်ရေးဆောင်ရွက်တဲ့အပိုင်းမှာ မိုးကုတ်မြို့က အရပ်ဘက်ပရဟိတ အဖွဲ့အစည်းတွေ၊ ကြက်ခြေနီအဖွဲ့တွေ၊တပ်မတော်သားတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ စတဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းပေါင်းစုံ ကူညီခဲ့ကြတာဖြစ်ပြီး မြေအောက်မှာတော့ ကျွမ်းကျင်တဲ့ အရပ်သားတွင်းဆရာတွေ၊ ကျေးရွာသားတွေ၊ ပရဟိတအဖွဲ့အစည်း ဝိုင်းဝန်းရှာဖွေ နေကြတာပါ။ 

လူ ၃၀ လောက်က တွင်းနက်ထဲ ပေ ၃၀၀ လောက်ဆင်းပြီး နေ့ရောညပါ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြပေမယ့် မြေတွင်းက ထပ်မံပြိုကျလာနိုင်တဲ့ အခြေအနေတွေ ရှိလာတာကြောင့် ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြောင်းပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က "အပေါ်က နောက်ထပ်မြေသားလေးတွေ ထပ်အက်လာလို့၊ နောက်လုပ်တဲ့ ကယ်ဆယ်ရေးသမားတွေအတွက် အန္တရာယ်ရှိလို့"လို့ ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ကျောက်ရှာဖွေနေသူ  ငါးဦးအနက် တွင်းအပေါ်ပိုင်းမှာရှိသူ သုံးဦးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ခဲ့ပေမယ့် တွင်းနက်ထဲမှာရှိသူ နှစ်ဦးကတော့ တွင်းပြိုကျမှု အန္တရာယ်ကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေဟာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး ကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ လမ်းကြောင်းပြပေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း- ထိန်ထိန်လင်း၊ ဓာတ်ပုံ-Mogok Rescue

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013