DVB Logo
Home
နိုင်ငံတကာ
အမေရိကန်တပ်များ အီရတ်မှ စက်တင်ဘာလကုန် အပြီးဆုတ်ခွာမည်
DVB
·
July 15, 2026
Photo: Thaier Al-Sudani/File Photo/REUTERS
Photo: Thaier Al-Sudani/File Photo/REUTERS
Donate to DVB

အမေရိကန်တပ်ဖွဲ့တွေဟာ လာမဲ့ စက်တင်ဘာ ၃၀ ရက်မှာ အီရတ်နိုင်ငံကနေ အပြီးတိုင် ဆုတ်ခွာတော့မှာ ဖြစ်ပါတယ်။

အီရတ်ဝန်ကြီးချုပ် အလီ အယ်လ်ဇိုင်ဒီဟာ ဝါရှင်တန်ဒီစီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံစဉ်မှာ ဒီအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့တာပါ။

သမ္မတ ထရမ့်ပ် ကလည်း အီရတ်မှာ အမေရိကန်စစ်တပ် ဆက်ရှိနေဖို့ မလိုတော့ဘူးလို့ အိမ်ဖြူတော်မှာ ပြောပါတယ်။

အရင်က အီရတ်နိုင်ငံမှာ IS ဆန့်ကျင်ရေး စစ်ဆင်ရေးတွေအတွက် အမေရိကန်စစ်သည် ၂,၅၀၀ ခန့် ဖြန့်ကြက်ထားခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ စစ်အင်အား လျှော့ချခဲ့ပါတယ်။

ဝန်ကြီးချုပ် အယ်လ်ဇိုင်ဒီရဲ့ အစိုးရအဖွဲ့ဟာ အမေရိကန်တပ်တွေ ဆုတ်ခွာမဲ့ အစီအစဉ်ကို အီရတ်နိုင်ငံက သြဇာကြီးမားတဲ့ အီရန် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းမဲ့ အစီအစဉ်နဲ့ ချိတ်ဆက်ထားတာပါ။

စက်တင်ဘာ ၃၀ ရက် နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်အဖွဲ့အစည်းကိုမှ လက်နက်ကိုင်ဆောင်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ အယ်လ်ဇိုင်ဒီက ဆိုပါတယ်။

ဒါ့အပြင် အီရတ်ဝန်ကြီးချုပ်ရဲ့ အမေရိကန်ခရီးစဉ်ဟာ အီရတ်ရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ကဏ္ဍတွေမှာ အမေရိကန်ရဲ့ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေ ရရှိဖို့ အဓိကရည်ရွယ်တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ပ် ကတော့ နှစ်နိုင်ငံအကြား သဘောတူညီချက် အများအပြား  အကောင်အထည်ဖော်မှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ဇူလိုင် ၁၇ ရက်မှာတော့  ဘက်စ်ရာမြို့ကနေ ဟာဒီသာမြို့အထိ သွယ်တန်းမဲ့ ရေနံပိုက်လိုင်း တည်ဆောက်ရေး သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013